Trending Now

အီရန်ရေတပ်က အိန္ဒိယသမုဒ္ဒရာအတွင်း အမြဲတမ်းအခြေစိုက်စခန်း တည်ဆောက်မည်

Spread the love

အီရန်ရေတပ်က အိန္ဒိယသမုဒ္ဒရာအတွင်း အမြဲတမ်းအခြေစိုက်စခန်း တည်ဆောက်မည်

EPN
နိုင်ငံတကာ၊ ဇွန် ၂၅

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က ယခုနှစ်မကုန်မီ အိန္ဒိယသမုဒ္ဒရာအတွင်း အ မြဲတမ်း အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အလီရီဇာ တန်ဆီရီက နိုင်ငံပိုင်သတင်းဌာန Fars News သို့ ပြောကြားသည်။

အဆိုပါအစီအစဉ်မှာ တပ်မတော်ခေါင်းဆောင်ပိုင်း၏ မေတ္တာရပ်ခံချက်ကြောင့်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာအ တွင်း ငါးဖမ်းဆီးမှုနှင့် သင်္ဘောများကို အကာအကွယ် ပေးရန်ရည်ရွယ်ကြောင်း ၄င်းက ဆိုသည်။

အီရန်ရေတပ်က အိန္ဒိယသမုဒ္ဒရာအတွင်း လှုပ်ရှားလေ့ရှိရာ အမြဲတမ်းစစ်ဘက်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းက အခက် အခဲရှိမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး အလီရီဇာက ပြောသည်။

“အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့၏ ရေယာဉ်အုပ်ဖြန့်ကြက်မှုကို ယခင်က လုပ်ဆောင်ခဲ့ဖူးပြီး ဒုတိယ မြောက်ရေယာဉ်စုကိုလည်း အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စေလွှတ်ခဲ့ကြောင်း၊ အိန္ဒိယသမုဒ္ဒရာအတွင်း အမြဲတမ်း ရေ တပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်မှုက လုံခြုံရေးအခြေအနေ တိုးတက်စေမည့်အပြင် ဒေသတွင်း၌ အီရန် ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောအထောက်အပံ့ဖြစ်လာမည်ဟု ၄င်းက ပြောသည်။

အမြဲတမ်းရေတပ် အခြေစိုက်စခန်း တည်ဆောက်ရသော ရည်ရွယ်ချက်မှာ ပင်လယ်ဓားပြမှုနှင့် ပြည်ပ သင်္ဘောများက ငါးဖမ်းယာဉ်များကို အနှောင့်အယှက်ပေးမှုရန်မှ ကာကွယ်တားဆီးရန်ဟု သူက ဆိုသည်။

ရေတပ် အခြေစိုက်စခန်းကို မည်သည့်နေရာတွင် တည်ဆောက်မည် သို့မဟုတ် တည်ဆောက်မည့်နေရာနှင့်ဆိုင်သော အ ချက်အလက်များကို ဗိုလ်ချုပ်ကြီး အလီရီဇာက အသေးစိတ်မရှင်းလင်းပေ။

အီရန်နိုင်ငံက ရေတပ်ကာကွယ်ရေးတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံနေသလို စစ်သင်္ဘောကြီးများအပြင် အခြားနိုင်ငံများ၏ ရေတပ်များကို နှောင့်ယှက်နိုင်စွမ်းရှိသော အမြန်တိုက်ရေယာဉ်များကိုလည်း တိုးချဲ့တည် ဆောက်လျက်ရှိသည်။ အီရန်အမြန်ရေယာဉ်များက အိုမန်ပင်လယ်ကွေ့နှင့် ဟော်မုတ်ဇ်ရေလက်ကြားအတွင်း အ မေရိကန်စစ်သင်္ဘောများအနီး အနီးကပ် မောင်းနှင်ကာ နှောင့်ယှက်မှုပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံက စွပ်စွဲခဲ့ သည်။

ဧပြီလအတွင်းဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုသို့နှောင့် ယှက်လာသည့် အီရန်အမြန်တိုက် ရေယာဉ်များကို ပစ်ခတ်ပစ်ရန် အမေရိကန်ရေတပ်ကို အမိန့်ပေးခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် အီရန်ရေတပ်က ပင်လယ်ကွေ့အတွင်းရှိ တပ်ဖွဲ့ဝင်များကို အမေရိကန်စစ်သင်္ဘောများမှ မီတာ ၁၀၀ အကွာနေရန်နှင့် အန္တရာယ်ကြီးမားသော နှောင့်ယှက်မှုများမပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။

သို့သော်လည်း ထိုအမိန့်က ထိတွေ့မှုစည်းမျဉ်းများကို အပြောင်းအလဲတစ်ရပ် မဖြစ်စေခဲ့ဟု အမေရိကန်ရေတပ် က ရှင်းလင်းခဲ့သည်။

ကမ္ဘာ့ရေနံတင်ပို့မှုအများစုလုပ်ဆောင်ရာ အိုမန်ပင်လယ်ကွေ့မှတစ်ဆင့် အရေးပါသော နိုင်ငံ တကာရေလမ်းကြောင်းအတွင်း ကုန်တင်သင်္ဘောများ သွားလာမှုကိုတားဆီးရန် အီရန်နိုင်ငံက ယင်း၏ရေတပ်ကို အသုံးပြုခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း အီရန်ရေတပ်က ဗြိတိန်သင်္ဘောတစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ရာ ဗြိတိန်အစိုးရက အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဥပဒေကို ချိုးဖောက်ခြင်းဟု ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံသို့ လောင်စာဆီ လွှဲပြောင်းပေးမှုမပြုလုပ်ရေး ပိတ်ဆို့မှုများ ချိုးဖောက်မှုသံသယဖြင့် ဂျီလ်ဘရော်တာ ကမ်းလွန်၌ ပနားမားအလံလွှင့်ထူထားသော အီရန်ရေယာဉ် တစ်စင်းကို ဗြိတိန်တော်ဝင်ရေတပ်မှ ထိန်းသိမ်းပြီးနောက် ရက်အနည်းငယ်အကြာတွင် ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးသီတင်းပတ်ပေါင်းများစွာ ကြာပြီးနောက် အဆိုပါသင်္ဘောကို ပြန်လွှတ်ပေးခဲ့သည်။

–ကိုးကား–
သည်နေရှင်နယ်
Ref; IRGC Navy to build permanent Indian Ocean base, says commander


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။