Trending Now

ရှမ်းနီလူမျိုးများအပေါ် ဥပဒေမဲ့အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းကို NUG အပါအဝင် KIA/PDF တပ်ဖွဲ့များ အနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ရှမ်းအရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့ထုတ်ပြန်

Spread the love

ရှမ်းနီလူမျိုးများအပေါ် ဥပဒေမဲ့အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းကို NUG အပါအဝင် KIA/PDF တပ်ဖွဲ့များ အနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ရှမ်းအရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့ထုတ်ပြန်

EPN
နေပြည်တော်၊ စက်တင်ဘာ ၁၀

ရှမ်းနီတိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းကို NUG အပါအဝင် KIA/PDF တပ်ဖွဲ့များအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ရှမ်းအရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့မှ ထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဦးဆောင်ဆရာ တော် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များ သမဂ္ဂ၏ အတွင်းရေးမှူးဆရာတော် ဦးဂန္နမာအား စက်တင် ဘာလ ၄ ရက်တွင် ပင်လည်ဘူးမြို့နယ်တွင်းသို့ ဝင်ရောက်နေသော KIA+PDF တပ်ဖွဲ့များက ဖမ်းဆီးခေါ် ဆောင်သွားပြီး သတ်ဖြတ်လိုက်သည်ဟု ကြားသိရမိ၍ များစွာအံ့သြထိတ်လန့်မိကြောင်း ထုတ်ပြန်ထားသည်။

KIA+PDF တပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအရေး တက်ကြွ လှုပ်ရှားနေသည့် ဆရာတော်၏ ကားကို ဖမ်းဆီးမီးရှို့ဖျက်ဆီးခြင်း၊ ဇွန်လ ၁၉ ရက်နေ့တွက် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရေးတာဝန်ခံ စိုင်းကျန်အောင်အား ဖမ်းဆီးနှိပ်စက်ခြင်း၊ ဇွန်လ ၂၅ရက်နေ့တွင် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီနာယကဖြစ်သူ ဦးသန်းဖေအား သတ်ဖြတ်ခြင်း၊ သြဂုတ်လ ၂၁ ရက်တွင် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအရေး ဦးဆောင်သည့် ဆရာတော် ဦးသူရိယအား ဖမ်းဆီးခြင်းများကို ဆက်တိုက်ကျူးလွန်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ ဖမ်းဆီးသတ်ဖြတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လေး စားလိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်သည့်အပြင် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား လူမျိုး အခွင့်အရေးဆိုင်ရာ ကြေညာစာမ်းပါ အပိုဒ် (၃)၊ အပိုဒ် (၈) နှင့် အပိုဒ် (၁၁) ကိုလည်း ပြောင်ပြောင်တင်း တင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် မိမိတို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းများမှ ပြင်းထန်စွာ ရှုတ်ချကန့် ကွက်ပြီး၊ ရှမ်းနီတိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ NUG အပါအဝင် KIA/PDF တပ်ဖွဲ့များအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။