Trending Now

ပို့ကုန်ရငွေအား ကျပ်ငွေလဲလှယ်ရန် သတ်မှတ်ချက် ဗဟိုဘဏ်ပြန်လည်ပြင်ဆင်

Spread the love

ပို့ကုန်ရငွေအား ကျပ်ငွေလဲလှယ်ရန် သတ်မှတ်ချက် ဗဟိုဘဏ်ပြန်လည်ပြင်ဆင်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၄

ပို့ကုန်တင်ပို့သူများအနေဖြင့် ယခင်သတ်မှတ်ထားသည့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက် ရန် ပြင်ဆင်သတ်မှတ်ကြောင်း ဗဟိုဘဏ်က ဇူလိုင်လ ၁၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ကြညာချက်သည် ထုတ်ပြန်သည့် နေမှစ၍ အကျိုးသက်ရောက်မည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခံရမည်ဟု ဖော်ပြပါရှိသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။