Trending Now

မော်လိုက်မြို့နယ်မှာ ကျောင်းထိုင်ဆရာတော် ၁ ပါး သေနတ်နဲ့ ပစ်သတ်ခံရ

Spread the love

မော်လိုက်မြို့နယ်မှာ ကျောင်းထိုင်ဆရာတော် ၁ ပါး သေနတ်နဲ့ ပစ်သတ်ခံရ

EPN
မော်လိုက် ၊ မေ ၆

စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ် ၊ တပ်ကုန်းကျေးရွာ ၊ ရွာဦးကျောင်းဆရာတော်ဟာ မနေ့က မနက် ပိုင်း ၇ နာရီက သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ပျံလွန်တော်မူးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းကို ဆိုင်ကယ် ၅ စီးနဲ့ လူ ၁၀ ယောက်ဝန်းကျင် သေနတ်တွေနဲ့ ရောက်လာတယ် ၊ ကျောင်းထိုင်ဆရာတော်ကို ဒလန်လို့ ပြောဆိုစွပ်စဲွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ကျောင်းရှေ့ရောက်တော့ ဆရာတော်ကိုယ် သေနတ်နဲ့ ဝိုင်းပစ်သတ်သွားတာ ” လို့ တပ်ကုန်းရွာခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် သက်တော် ၅၇ နှစ် ၊ ဝါတော် ၃၀ ရှိ ကျောင်းထိုင်ဆရာတော် ဥူးဓမ္မပီယ ဟာ ကျောင်းရှေ့မှာတင် ပျံတော်မူသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘုန်းကြီးမှာ သီတင်းသုံး နေထိုင်နေတဲ့ ကျန်သံဃာတွေလည်း ကျောင်းကိုစွန့်ပစ်ထားခဲ့ရပြီး ဘေးလွတ်ရာကို အသက်လုပြီး ထွက်ပြေနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တပ်ကုန်းရွာဦးကျောင်း ဆရာတော် ပျံလွန်တော်မူခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မော်လိုက် မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။