Trending Now

အမရပူရ ယာဉ်စစ်ဆေးရေး အဖွဲ့ ချိန်ကိုက်ဗုံးထောင် တိုက်ခိုက်ခံရလို့ ယာဉ်စစ် ၂ ဦး ဒဏ်ရာရ

Spread the love

အမရပူရ ယာဉ်စစ်ဆေးရေး အဖွဲ့ ချိန်ကိုက်ဗုံးထောင် တိုက်ခိုက်ခံရလို့ ယာဉ်စစ် ၂ ဦး ဒဏ်ရာရ

EPN
မန္တလေး ၊ သြဂုတ် ၅

မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ၊ ယဉ်တော်ကျေးရွာအနီး ၊ မန္တလေး စစ်ကိုင်းကားလမ်းမှာ လာသမျှယာဉ်တွေကို တားဆီးစစ်ဆေးနေတဲ့ ယာဉ်စစ်ဆေးရေးအဖွဲ့ကို မနေ့ မနက် ၁၀ နာရီဝန်းကျင် အချိန်က ဗုံးခွဲတိုက်ခိုက်ခံရပြီး ယာဉ်စစ်ဆေးသူ ၂ ဦး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ချိန်ကိုက်ဗုံး အမျိုးအစားနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတာပါ ၊ ယာဉ်စစ်ဝန်ထမ်း ၂ ဦး ပြင်းထန်ဒဏ်ရာရတယ် ၊ ကျောက်စိမ်းဘုရားလမ်းမှာပါ ” လို့ ယဉ်တော်ရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ပေါက်ကွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ယာဉ်ကြီးကြပ်မှုကော်မတီ အဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးက ” ယာဉ်စစ်ဝန်ထမ်း ဦးကိုကိုအောင်နဲ့ ဦးညွှန့်ဝင်းတို့ ၂ ဦး ဒဏ်ရာရတာ ” လို့ ပြောပါတယ်။

အဲ့ဒီနောက် ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို မီးငြိမ်သတ်ခဲ့ရပြီး လုံခြုံရေးတင်းကြပ်စွာ ချထားတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။