Trending Now

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် သူငယ်ချင်းဖြစ်သူထံမှ ဆိုင်ကယ်ငှားကာ ခိုးယူထွက်ပြေး

Spread the love

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် သူငယ်ချင်းဖြစ်သူထံမှ ဆိုင်ကယ်ငှားကာ ခိုးယူထွက်ပြေး

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၁၀

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် သူငယ်ချင်းမိန်းကလေးထံမှ ဆိုင်ကယ်ခဏငှားပေးရန် ပြောဆိုပြီး ပြန်လည် မပေးဘဲ ဆိုင်ကယ်အား ခိုးယူထွက်ပြေးသွားသည့် ဖြစ်စဉ် တစ်ခု စက်တင်ဘာ ၈ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ခိုးခံရသူထံမှသိရသည်။

ယင်းဆိုင်ကယ်ခိုးယူသွားသူမှာ ဟိန်းထက်လင်းဆိုသူဖြစ်ပြီး ရန်ကုန်မှ မြစ်ကြီးနားမြို့သို့ အလုပ်လာလုပ်ရန် ရောက်ရှိလာခြင်းဖြစ်ကာ ဆိုင်ကယ်ပိုင်ရှင် မနန်းထွန်းလဲ့ နှင့် လွန်ခဲ့သည့် တစ်လလောက်မှ စတင်ကာ သူငယ်ချင်းဖြစ်ခဲ့ကြပြီး စက်တင်ဘာ ၈ ရက်ညနေပိုင်းတွင် အလုပ်ရှာသွားရန် မနန်းထွန်းလဲ့ထံမှ ဆိုင်ကယ်ခဏငှားမယ်ပြောပြီး ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူကအလုပ်သွားရှာမယ် ဆိုင်ကယ်ခဏငှားပေးပါအုံးဆိုပြီး ညီမဆီကတောင်းသွားတာ၊ ညီမလည်း သူငယ်ချင်းဆိုတော့ ငှားပေးလိုက်တာ၊ အဲ့တာသူက ညထိလည်း ပေါ်မလာသေးလို့ ညီမက ဖုန်းဆက်ကြည့်တော့ ဖုန်းကပိတ်ထားလိုက်ပြီ၊လိုင်းတက်ပြီးပြောကြည့်တော့လည်းMessengerကော Viberကော ဘလော့ထားလိုက်ပြီ၊ မနက်ရောက်မှ သူနေတဲ့အဆောင်ကိုသွားကြည့်တော့လည်း သူကမရှိတော့ဘူး၊ သူ့ဆွေမျိုးတွေမြစ်ကြီးနားမှာမရှိလို့ ဆက်သွယ်ရခက်နေတာ၊ ရန်ကုန်က သူ့မိဘတွေကိုလည်း ဘယ်လိုဆက်သွယ်ရမလဲမသိဘူး”ဟု အဆိုပါမိန်းကလေးက ပြောသည်။

အခိုးခံရသည့်ဆိုင်ကယ်မှာ Circular scoopy အမျိုးစား အနီရောင် ဆိုင်ကယ်ဖြစ်ပြီး ဝယ်ထားသည်မှာ လပိုင်းသာ ရှိသေးကြောင်း နှင့် လက်ရှိ သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ အကြောင်းကြားထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ခိုးယူမှု မကြာခဏဖြစ်ပွားလျှက်ရှိပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင် မြို့သစ်ကြီးရပ်ကွက်အတွင်း ခိုးထားသည့်ဆိုင်ကယ်ကို ပတ်မောင်းနေသည့် ဆိုင်ကယ်သူခိုးများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။