Trending Now

မအူပင်မြို့က MyTel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၇လကျော်အတွင်း ဖမ်းဆီးခံထားရ သူလူ ၅၀ ကျော်အထိရှိ

Spread the love

မအူပင်မြို့က MyTel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၇လကျော်အတွင်း ဖမ်းဆီးခံထားရ သူလူ ၅၀ ကျော်အထိရှိ

EPN
မအူပင် ၊ သြဂုတ် ၁၆

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင်၊ ခုနှစ်လကျော်အတွင်း MyTel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရသည့်ဖြစ်စဉ်နဲ့ ပတ်သက်၍ သက်ဆိုင်ရာက သံသယဖြင့်အဖမ်းခံထားရသူ လူဦးရေ ၅၀ ကျော်အထိရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

”အဖမ်းခံရသူတွေကလူငယ်တွေ တပ်နဲ့ရဲတွေက ဖမ်းတာပါ၊သံသယနဲ့ အဖမ်းခံရတာ၊ဒီကနေ့အထိအားလုံး အယောက် ၅၄ ယောက်အထိရှိနေပါပြီ၊ မက်လောင်ကျေးရွာက ၄ ယောက်နဲ့ ဘုရားကုန်းကျေးရွာက ၄ ယောက်ဆို အဖမ်းခံရတုန်းက ရိုက်ခံထားရတာ အတော်ကိုပြင်းထန်းတဲ့ဒဏ်တွေရရှိခဲ့ တာ၊ အခုအထိအဖမ်းခံရတဲ့သူတွေက တတ်ကြွသူတွေ လည်းမဟုတ်သလို ဒီလုပ်ရပ်ကိုလုပ်မယ့်သူတွေလည်း မဟုတ်ပါဘူး၊ ဖမ်းဆီးတဲ့အခါချင့်ချိန်ပြီး လုပ်စေချင်တယ်၊မရေမရာတာတွေမလုပ်စေချင်ပါဘူး”ဟု မအူပင်မြို့ခံတစ်ဦးက ပြောဆိုသည်။

မအူပင်မြို့နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ မနေ့ သြဂုတ် ၁၅ ရက်အထိ မအူပင်တစ်မြို့နယ်လုံးမှာ ၇ လကျော်အတွင်း သက်ဆိုင်ရာက အဖမ်းခံရသူ ဒေသခံ ၅၄ ဦးအထိရှိပြီးအဖမ်းခံရသူများထဲတွင် အသက် ၂၀ ကျော်အရွယ် လူငယ်များအများဆုံးပါဝင်ပြီး ကျား ၃၅ဦး၊ မ ၁၉ ဦးဖြစ်ကြောင်းသိရပြီးကျန်းမာရေးချို့တဲ့သူ ၇ ဦးခန့်ပါဝင်ကြောင်းမိသားစုများနှင့်နီးစပ်သူများ၏ပြောပြချက်များအရသိရသည်။

”ဖမ်းဆီးခံရသူတွေထဲမှာ မိန်းကလေးတွေပါတယ် ၊ မိန်းကလေးတွေကလည်းလူငယ်တွေပါ ၊ ဘာဘဲပြောပြော မိန်းကလေးတွေဆိုတော့စိုးရိမ်ပါတယ်၊ ထောင်ဒဏ်ချမှတ် တာလည်းမလုပ်သေး ပြန်လည်း မလွှတ်ပေး သေးတော့ အတော့်ကို စိုးရိမ်တယ် ၊ အချို့မိသားစုတွေဆို ဒီကနေ့အထိ အဖမ်းခံရတဲ့ ကလေးတွေနဲ့ တွေ့ခွင့်မရတာ တွေလည်းရှိနေတယ် ”ဟု အဖမ်းခံသူများ၏ မိသားစုများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ MyTel တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီး စစ်ဆေးနေခြင်ဖြစ်ပြီး အမှန်တကယ်ကျူးလွန်ခြင်းရှိ၊မရှိကိုစနစ်တကျ စစ်ဆေးနေကြောင်း သက်ဆိုင်က သတင်းထုတ်ပြန်ချက် အရသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။