Trending Now

တီးတိန် ပြည်သူ့ဆေးရုံသို့ (COVID-19)ရောဂါပိုး တွေ့ရှိသည့်လူနာနှင့်ဆက်ဆံခဲ့သူများကို စစ်ဆေးမည်

Spread the love

တီးတိန် ပြည်သူ့ဆေးရုံသို့ (COVID-19)ရောဂါပိုး တွေ့ရှိသည့်လူနာနှင့်ဆက်ဆံခဲ့သူများကို စစ်ဆေးမည်
 

EPN
ကလေး၊ မတ် ၂၄

ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ (COVID-19)ရောဂါပိုး တွေ့ရှိသည့်လူနာနှင့်ဆက်ဆံခဲ့သူ များကို စစ်ဆေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် ၊တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ (COVID-19)ရောဂါပိုး တွေ့ရှိသည့်လူနာအား ကုသနေမှု အခြေအနေများနှင့် ရောဂါပိုး ထပ်မံကူးစက်ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရမည့် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များနှင်ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ဘာသာရေး အသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ဒီနေ့ နံနက်ပိုင်းက အစည်းအဝေးလုပ်ပါတယ်။သူ့တို့ကို သတ်မှတ်အရက်အတွင်း စောင့်ကြည့်ဖို့ ဆက်လုပ်မယ်။ တိုးတက်မှုရှိရင်ကောင်းတာပေါ့။ သူနဲ့ဆက်ဆံမှုရှိခဲ့တဲ့သူတွေကို အထူးစောင့်ကြည့်မယ်။ သူနဲ့မှတ်တတ်တဲ့သူ့မိသားစုတွေနဲ့လမ်းမှာ သူတို့တွေ့တဲ့သူတွေကို အနီးကပ်စစ်ဆေးဖို့ မြို့နယ်ကို ညွှန်ကြားထားပြီးပြီ။ အဓိကတော့ ကျွန်တော့်အနေနဲ့တော့ Positive ရှိတယ်။ ဘယ်ကနေလဲဆိုတော့ သူကအမေရိကန်ကနေပြန်လာတဲ့တစ်ယောက်ပါ။ဒီရောဂါဟာ သူက ဒီကနေပေါက်ဖွားလာတာမဟုတ်ဘူး၊ အဝေးကနေ လက်ဆင့်ကမ်းပြီးသယ်လညတဲ့ပုံစံဖြစ်တယ်။ဒါကိုအဝင်အထွက် စနစ်တကျထိန်းချုပ်နိုင်ရင် ဒါကတော့ အဆင်ပြေမယ်။ အခုဒီမှာရောက်နေပြီဆိုတော့ သူနဲ့နီးစပ်တဲ့သူတွေ သေချာစစ်ဆေးပြီးတော့ အပြင်မရောက်ထိန်းချုပ်မယ်တပိုင်း၊ ကျန်းမာရေးဘက်ကလဲ ဒီကိစ္စကလူတိုင်းကိုင်တွယ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ကျန်းမာရေးကိစ္စဖြစ်တော့ ကျန်းမာရေးဌာန ဝန်ထမ်းတွေ၊ ပူးပေါင်းကူညီမယ့်အဖွဲ့တွေနဲ့ လုပ်ဖို့နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို တကယ်လို့ Positive လူနာတွေ တွေ့လာရင် အသုံးဆောင်ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ဖို့လိုတယ်။အစိုးရအနေနဲ့ဒါတွေကို ပံပိုးနိုင်အောင် ဆောင်ရွက်နေပါတယ်”ဟု ဦးပေါင်လွန်မင်းထန်က ပြောသည်။

အမေရိကန်နိုင်ငံမှ မတ် ၁၃ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူ ၃၆ နှစ်အရွယ် အမျိုးသားသည် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသဖြင့် မတ် ၂၃ မှစ၍ ချင်းပြည်နယ်၊ တီးတိန်မြို့၊ ပြည်သူ့ဆေးရုံတွင် သီးသန့်ခန်းဖြင့် စောင့်ကြည့်ကုသနေကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေနှင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားပါက အရေးပေါ် ကျန်းမာရေးစောင့်ရှောက် မှုများပေးနိုင်ရန် မြို့နယ်အလိုက် နေရာများစီစဉ်ထားကြောင်း သိရသည်။

သူရိယထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။