Trending Now

ကိုဗစ်ရောဂါကူးစက်ခံရသူ အများစု နှင့် ရောဂါကြောင့် သေဆုံးသူအများစုမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

Spread the love

ကိုဗစ်ရောဂါကူးစက်ခံရသူ အများစု နှင့် ရောဂါကြောင့် သေဆုံးသူအများစုမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ ညပိုင်ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကူးစက်ခံရသူ အများစု နှင့် ရောဂါကြောင့် သေဆုံးသူအများစုမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာများ၏ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ရောဂါဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေး (၁) ကြိမ်ထိုးနှံထားသူများတွင် ရောဂါဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း၊ ကာကွယ်ဆေး အကြိမ်ပြည်ထိုးနှံထားသူများတွင် (၄) ရာခိုင်နှုန် နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါဖြစ်ပွားမှု ဝ.၁ ရာခိုင်နှုန်းသာ ရှိကြောင်းသိရသည်။

၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူအများစုမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိသူများဖြစ်ပြီး သေဆုံးမှုရာခိုင်နှုန်း ၈၄.၁ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရောဂါကြောင့် သေဆုံးခဲ့သူများအနက် ၁၄.၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိသူများဖြစ်ပြီး ၁.၅ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား သေဆုံးမှုတို့ကို လေ့လာသုံးသပ်ချက်အရ ကာကွယ်ဆေးထိုးနှံထားသူများသည် ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကာကွယ်ဆေးများကို မပျက်မကွက် ထိုးနှံခြင်း နှင့် ကိုဗစ်စည်းကမ်းများကို တိကျစွာလိုက်နာကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။