Trending Now

၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်း (၁၁) နှစ်ပြည့်နှင့် ဗြဟ္မစာရီ ပရဟိတကွန်ယက် (၂) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်

Spread the love

၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်း (၁၁) နှစ်ပြည့်နှင့် ဗြဟ္မစာရီ ပရဟိတကွန်ယက် (၂) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၉ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ နယ်မြေ (၇) ရှိ မျိုးဆက်သစ်ဓမ္မစင်တာ ပရဟိတကျောင်းတော်တွင် ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်း (၁၁) နှစ်ပြည့်နှင့် ဗြဟ္မစာရီ ပရဟိတကွန်ယက် (၂) နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသည် ဧည့်သည်တော်များ၊ အလှူ့ဒါယကာ၊ ဒါယိကာမများက ဩကာသ ကန်တော့ချိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး၊ ရွှေညောင်ပင်ကျောင်းတိုက် စာချဆရာတော် အရှင်ပညာဝံသဒီပ ဆရာတော်ထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်ထံမှ အနုမောဓနာ တရားတော်များကို နာယူဆောက်တည်ခဲ့ကြပြီး၊ တစ်နှစ်တာအတွင်း ဗြဟ္မစာရီ ပရဟိတကွန်ယက်အတွက် အလှူရှင်များ၊ ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်းမှ အလှူရှင်များ၊ မျိုးဆက်သစ်ဓမ္မစင်တာ ပရဟိတကျောင်းတော်တွင် နေ့စဉ်အရုဏ်ဆွမ်းအလှူရှင်များနှင့် အခြားသောအလှူရှင်များ၏ လှူဒါန်းမှုများကို စုပေါင်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ကြွရောက်တော်မှုလာကြသည့် ဆရာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေး များအား နေ့ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည်သည်တော်များ၊ အလှူရှင်များကို နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အဆိုပါ ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်း သွေးအလုံးရေ (၁၁၆၆)လုံး၊ ၁၁ နှစ် အတွင်း စုစုပေါင်းသွေးအလုံးရေ ၁၀၁၆၁ လုံး လှူဒါန်းနိုင်ခဲ့ကြောင်း၊ (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလမှ (၂၀၂၃)ခုနှစ်၊ ဒီဇင်ဘာလလအထိ (၂)နှစ်အတွင်း လစဉ်သဒ္ဓါထက်သန်စွာ စုပေါင်းလှူဒါန်းခဲ့သည့် ငွေကျပ် (၂၄) သိန်းကျော်အတွက် စုပေါင်းရေစက်ချခြင်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်း ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်းကို (၂၀၁၃)ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်တွင် လည်းကောင်း၊ ဗြဟ္မစာရီ ပရဟိတကွန်ယက်ကို (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်တွင် လည်းကောင်း စတင်ကာ တည်ထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

 

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။