Trending Now

၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်အား ယနေ့ စတင်ဖြေဆို

Spread the love

၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်အား ယနေ့ စတင်ဖြေဆို

EPN
မြစ်ကြီးနား၊ မတ်လ ၈

မြန်မာနိုင်ငံ တစ်ဝန်းတွင် ယနေ့ ဖေဖော်ဝါရီ (၈) ရက်နေ့ မနက် ၉နာရီ အချိန်က စ၍ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာဘာသာရပ် အား စတင်ဖြေဆိုကြသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်အနှောက်ယှက် မရှိစေရန် ယာဉ်ထိန်းရဲများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ အပါအဝင် ရပ်ကျေးတာဝန်ခံများ စုပေါင်း၍ ကျောင်းလမ်းတစ်လျောက် လုံခြုံရေးများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ပညာရေးမှူရုံးမှ လတ်တလော ပြုစုထားသည့် စာရင်းများအရ ပြည်နယ်အတွင်းရှိ ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကျောင်းတွင်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၀၄၈)ဦးနှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၈၉၁၁) ဦး နှင့် အတွင်း၊ အပြင်စုစုပေါင်း (၁၀၃၁၉)ဦး အထိ ရှိနေပြီး နောက်တိုး စာရင်းများလည်း ရှိနေကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ကချင်ပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အတွင်းဖြေဆိုမှု တစ်‌သောင်း ကျော် လက်ရှိ စာရင်းများအရ သိရပြီး စာစစ်ဌာန (၃၂)ခုဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၈ ရက်တွင် မြန်မာစာ၊ ၉ ရက်တွင် အင်္ဂလိပ်စာ၊ ၁၀ ရက်တွင် သင်္ချာ၊ ၁၃ ရက်တွင် ဓာတုဗေဒ၊ ၁၄ ရက်တွင် ရူပဗေဒ၊ ၁၅ ရက်တွင် ဇီဝဗေဒ/ဘောဂ ဗေဒ၊ ၁၆ ရက်တွင် ပထဝီဝင်၊ ၁၇ ရက်တွင် သ မိုင်း၊ ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာတို့အား နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် သူများ၏ လုံခြုံရေး၊ ကျန်းမာရေးတို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာနတို့ နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။