Trending Now

စလိုဗက်ကီးယားက ယူကရိန်းကို MiG-29 တိုက်လေယာဉ် ၁၃ စင်း လှူဒါန်းမယ်

Spread the love

စလိုဗက်ကီးယားက ယူကရိန်းကို MiG-29 တိုက်လေယာဉ် ၁၃ စင်း လှူဒါန်းမယ်

EPN

နိုင်ငံတကာ၊ မတ် ၂၀

စလိုဗက်ကီးယားက ယူကရိန်းကို MiG-29 တိုက်လေယာဉ် ၁၃ စင်း လှူဒါန်းသွားမယ်လို့ စလိုဗက်ဝန်ကြီးချုပ်က သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ MiG-29 ဂျက်လေယာဉ် ၁၃ စင်းကို ယူကရိန်းကို လွှဲပြောင်းပေးမှာပါ”လို့ ဝန်ကြီးချုပ် အဒ်ရာ ဟီဂါက သတင်းထောက်တွေကို ပြောကြားခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကိုလည်း ယူကရိန်းကို ပေးအပ်သွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ MiG တွေ ယူကရိန်းကို ပေးအပ်လိုက်တာဟာ အရပ်သားနေအိမ်တွေအပေါ် ကျရောက်နေတဲ့ ဗုံးတွေကို ကာကွယ်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ ပေးအပ်လိုက်တာဖြစ်ပါတယ်။” လို့ ဟီဂါက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ယူကရိန်းကို ဆိုဗီယက်လုပ် MiG-29 တိုက်လေယာဉ် ၄ စင်း စေလွတ်သွားမယ်လို့ ပိုလန်က ပြောကြားခဲ့ပါတယ်။

ပိုလန်နဲ့ စလိုဗက်ကီးယားတို့က ယူကရိန်းကို ပေးအပ်ထားတဲ့ တိုက်လေယာဉ်တွေကို ဖျက်ဆီးပစ်မယ်လို့ ရုရှားနိုင်ငံဘက်က ပြောဆိုထားပါတယ်။

“ကျွန်ုပ်တို့ ထပ်ခါတလဲလဲပြောခဲ့တဲ့အတိုင်း ဒီစစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့မှုက အထူးစစ်ရေးစစ်ဆင်ရေးရဲ့ ရလဒ်ကို ပြောင်းလဲမှာမဟုတ်ဘူး… ဟုတ်ပါတယ်၊ ဒီပစ္စည်းတွေအားလုံးကို ဖျက်ဆီးသွားမှာပါ” လို့ ပြောရေးဆိုခွင့်ရှိသူ ဒစ်မစ်ထရီ ပတ်စ်ကော့ဗ် က ပြောကြားခဲ့ပါတယ်။

စစ်ပွဲစတင်ချိန်ကတည်းက ယူကရိန်းဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို အနောက်မဟာမိတ်တွေထံက အဓိကထား တောင်းဆိုနေပေမယ့် လက်ရှိအချိန်အထိတော့ ရရှိခြင်းမရှိသေးပါဘူး။

ref; TDP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။