Trending Now

တက္ကသိုလ်(ပထမနှစ်ဝက်) နေ့သင်တန်းများ စတင်ဖွင့်လှစ်

Spread the love

တက္ကသိုလ်(ပထမနှစ်ဝက်) နေ့သင်တန်းများ စတင်ဖွင့်လှစ်

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၁

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကို ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရသည်။

အလားတူ အဆင့်မြင့်ပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ် ကျောင်း (၃၄)ကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ် (၂၇)ကျောင်းတို့ ကိုလည်း ယနေ့ တပြိုင်တည်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောင်းမအပ်နှံရသေးသည့် ကျောင်းသားကျောင်းသူများကိုလည်း ကျောင်းလာရောက် အပ်နှံနိုင်ရေးအတွက် ယခုနိုဝင်ဘာလကုန်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ် နှစ်ဝက် စာမေးပွဲများကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများအတွက် တက္ကသိုလ်နေ့သင်တန်း ပထမနှစ် (ပထမနှစ်ဝက်) ဝင်ခွင့်ရသူများစာရင်းကို ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကေကေ
photo- MTN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။