Trending Now

မြစ်ကြီးနားမြို့ပေါ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

Spread the love

မြစ်ကြီးနားမြို့ပေါ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

EPN
မြစ်ကြီးနား၊ မတ် ၈ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဟာစည် သာသနာ့ရိပ်သာကျောင်းဝင်းအတွင်းနှင့် တနိုင်းမြို့၊ မုန်ဒိန်ရပ်ကွက်၊ အ.ထ.က (၂)တို့၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများကို မတ် ၇ ရက်၊ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ မဟာစည်သာသနာ့ရိပ်သာ ကျောင်းဝင်းအတွင်း၌ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြော ရောဂါ၊ အထွေထွေ ရောဂါတို့ခံစားနေရသည့် သံဃာတော် (၄၅)ပါးကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။

၎င်းအပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရန်လည်း ဆောင်ရွက်ပေးခဲ့ကြပြီး၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အလားတူ တနိုင်းမြို့၊ မုန်ဒိန်ရပ်ကွက်ရှိ အ.ထ.က (၂)၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသားမိဘများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။