Trending Now

မြောက်ကိုရီးယားကို ရန်စလာပါက ဝမ်းနည်းဖွယ်ရာ အကျိုးဆက်ကို ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားပြော

Spread the love

မြောက်ကိုရီးယားကို ရန်စလာပါက ဝမ်းနည်းဖွယ်ရာ အကျိုးဆက်ကို ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားပြော

EPN
နိုင်ငံတကာ၊ ဧပြီ ၅

တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့မယ်ဆိုပါက ဝမ်းနည်ဖွယ်ရာ အကျိုးဆက်ကို ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားက သတိပေးပြောဆိုလိုက်ပါတယ်။

စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့ လုပ်ဆောင်လာမယ်ဆိုရင် မြောက်ကိုးရီးယားရဲ့ နျူးကလီးယား တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဌာနညွှန်ကြားရေးမှူး Kim Yo Jong က အခုလို သတိပေးပြောဆိုခဲ့တာဖြစ်တယ်လို့ Korean Central News Agency သတင်းဌာနမှာ ယနေ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြီခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာ တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့တဲ့ လက်ဦးမှုရယူပြီး တိုက်ခိုက်ရေး လုပ်ဆောင်ဖို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက အခုလို့ တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

“နျူးကလီးယားတပ်ဖွဲ့ရဲ့အဓိကတာဝန်ကဒီလိုစစ်ပွဲတွေမှာပါဝင်ဖို့မဟုတ်ပါဘူး ၊ဒါပေမဲ့စစ်ပွဲအခြေအနေမှာတော့ သူတို့ရဲ့ တာဝန်ဟာရန်သူတွေရဲ့စစ်အင်အားကိုချေမှုန်းဖို့ဖြစ်တယ်၊စစ်ပွဲအစပိုင်းမှာအားသာချက်ရရှိဖို့၊ ရန်သူတွေရဲ့ တော်လှန်ရေးစိတ်ဓါတ် ဖျက်ဆီးဖို့၊ ရေရှည်တိုက်ပွဲဖြစ်ပွားမှုကို တားဆီးဖို့၊ မိမိရဲ့ စစ်အင်အားကို ထိန်းသိမ်းဖို့အတွက် နျူးကလီးယားတိုက်ခိုက်ရေးအင်အားကို အသုံးပြုလာရခြင်းဖြစ်တယ်” လို့ Kim Yo Jong က ပြောဆိုခဲ့တာပါ။

မြောက်ကိုးရီးယားနေနဲ့ စစ်ပွဲကို အလိုမရှိတဲ့အပြင် တောင်ကိုးရီးယားဟာ သူတို့ရဲ့ အဓိကရန်သူမဟုတ်ကြောင်း Kim Yo Jong က ပြောကြားခဲ့ပါတယ်။ တောင်ကိုးရီးယားစစ်တပ်က မြောက်ကိုးရီးယားအပေါ် စစ်ဆင်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာခြင်းမရှိဘူးဆိုပါက မြောက်ကိုရီးယားအနေနဲ့ စတင်တိုက်ခိုက်သွားမှာ မဟုတ်ဘူးလို့လည်း သူကပြောဆိုခဲ့ပါတယ်။

တကယ်လို့ တောင်ကိုးရီးယားစစ်တပ်က မြောက်ကိုးရီးယားနယ်မြေ တစ်လက်မလောက်ကိုသာ ကျူးကျော်လာမယ်ဆိုပါက မထင်မှတ်လောက်သော ဝမ်းနည်းဖွယ်အကျိုးဆက်ခံစားရမှာဖြစ်ပြီး တောင်ကိုးရီးယားစစ်တပ်ဟာ စစ်အင်အားလုံးဝဆုံးရှုံးမယ့် ကံကြမ္မာဆိုးကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ သူက ထပ်လောင်ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးရဲ့ “လက်ဦးမှု ရယူတိုက်ခိုက်ခြင်း” လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့တာဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ တင်းမာမှုတွေကို ပိုမိုဆိုးဝါး လာစေနိုင်တယ်လို့ ထပ်မံသတိပေးပြောဆိုခဲ့ပါတယ်။

Source – Xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။