Trending Now

ရုရှားက ပင်လယ်နက်ဒေသကို အာရုံစိုက်တိုက်ခိုက်နေ

Spread the love

ရုရှားက ပင်လယ်နက်ဒေသကို အာရုံစိုက်တိုက်ခိုက်နေ

EPN
နိုင်ငံတကာ၊ မေ ၁၁

ယူကရိန်းတောင်ပိုင်းရှိ အဓိကနေရာတွေကို သိမ်းပိုက်ဖို့အတွက် ရုရှားတပ်ဖွဲ့ဝင်တွေက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေဟာ ပင်လယ်နက်ဒေသရှိ ဆိပ်ကမ်းတွေ နဲ့ ကျွန်းစုတွေကို အဓိကထား တိုက်ခိုက်နေကြပြီး ယူကရိန်းဘက်ကလည်း အပြင်အထန် ပြန်လည်ခုခံတိုက်ခိုက်နေပါတယ်။

ရုရှားရဲ့ ဒုံးကျည် ပစ်ခတ်မှုကြောင့် ရှာ့ပင်းမောလ်တစ်ခုနဲ့ ဂိုဒေါင်တစ်ခုကို ဒုံးကျည်ခုနစ်စင်းထိမှန်ခဲ့ပြီး လူတစ်ဦး သေဆုံးကာ အခြားငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ကမ်းမြို့ အိုဒါဆာ မြို့တော်ဝန်က ပြောပါတယ်။

ယူကရိန်း တပ်ဖွဲ့ဝင်တွေကလည်း ယခင်က ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်လည် သိမ်းယူနိုင်ဖို့အတွက် အပြင်းအထန် ပြန်လည်တိုက်ခိုက်နေပါတယ်။

ယူကရိန်းက ရဟတ်ယာဉ်တစ်စင်းနဲ့ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်နှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေကပြောပါတယ်။ ရုရှားဘက်ကတော့ တိုက်ခိုက်ခံရမှုကို ငြင်းဆိုထားပါတယ်။

အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး အေဗီရယ် က ရုရှားဘက်က တိုက်ခိုက်ဖို့အတွက် ပြန်လည်အားဖြည့်နေတာကြောင့် နှစ်လအတွင်း တိုက်ပွဲတွေဟာ ပိုမိုပြင်ထန်လာမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ နှစ်ဘက်စလုံးက စစ်မြေပြင်မှာ အနိုင်ရနိုင်တယ်လို့ ယုံကြည်နေတာကြောင့် စေ့စပ်ညှိနှိုင်းမှုတွေဟာ လတ်တလော မှာ ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့လည်း အေဗီရယ်က ပြောပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။