Trending Now

ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကိုဗစ်ကူးစက်ခံထားရ

Spread the love

ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကိုဗစ်ကူးစက်ခံထားရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၆

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ကိုဗစ်ကူးစက်ခံရလို့ အင်ဒိုနီးရှားမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းကာ အိမ်သို့ စောစီးစွာပြန်သွားရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သူမှာကိုဗစ်စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အပါအဝင် ခေါင်းဆောင်တွေကို စိုးရိမ်တယ်လို့ ဟွန်ဆန်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ရဲ့ အကြီးမားဆုံး စိုးရိမ်မှုပါ အဲဒီအထဲမှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှား သမ္မတက ကျွန်တော်နဲ့ အမြဲ အတူရှိနေခဲ့တယ်။ ဒါအပြင် တခြားခေါင်းဆောင် တွေနဲ့ လည်း လက်ဆွဲနှုတ်ဆက်ခဲ့သလို အမေရိကန်သမ္မတ အပါအဝင် ညစာအတူစားပြီး ခရီးအတူထွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေလဲ ရှိပါသေးတယ်” လို့ ဟွန်ဆန်က ဖေ့စ်ဘုတ်စာမျက်နှာကနေ တဆင့်ပြောကြားခဲ့ပါတယ်။

အရှေ့အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ G20 အစည်းအဝေးက ခေါင်းဆောင်တွေဟာ ကိုဗစ်ကူးစက်ခံထားရခြင်း ရှိမရှိ ချက်ချင်းမသိရသေးပေမယ့် အမေရိကန် သမ္မတ ဘိုင်ဒင်ကတော့ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်းမရှိဘူးလို့ အိမ်ဖြူတော်က အင်္ဂါနေ့ နံနက်ပိုင်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုးနီးရှားသမ္မတ နဲ့ အမေရိကန် သမ္မတတို့ဟာ အင်္ဂါနေ့က ပြုလုပ်တဲ့ အစည်းအဝေးများစွာကို တက်ရောက်ခဲ့ပြီး အဲ့ဒီအထဲမှာ ကမ္ဘောဒီးယားက ခေါင်းဆောင်အများအပြားလဲ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြင်သစ်သမ္မတ မက်ခရွန်း နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ကိုလည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

— ကိုးကား —
ရိုက်တာ
Ref; Cambodia PM leaves G20 after positive COVID test, worried about other leaders

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။