Trending Now

စီတာပူရပ်ကွက်တွင် အမျိုးသမီးတစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်အား ကားတစ်စီးမှ ဝင်တိုက်ပြီး မောင်းပြေး

Spread the love

စီတာပူရပ်ကွက်တွင် အမျိုးသမီးတစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်အား ကားတစ်စီးမှ ဝင်တိုက်ပြီး မောင်းပြေး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၆ (၂၀၂၃)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှေ့တွင် ယနေ့ နေ့လယ် (၁)နာရီခွဲ အချိန်ခန့်က အမျိုးသမီးတစ်ဦး စီးနင်းလာသည့် ဆိုင် ကယ်တစ်စီးအား ကားတစ်စီးမှ ဝင်တိုက်ပြီး ကားသမားမှာ မောင်းပြေးသွားကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ စီတာပူရပ်ကွက် မနောကွင်းအရှေ့အဝိုင်းပတ်အနီးတွင် အမျိုးသမီးတစ်ဦး မောင်းနင်လာသည့် ဆိုင်ကယ်တစ်စီးအား ကားတစ်စီးမှ ဝင်တိုက်ပြီး ကားသမားမှာ ရပ်တန့်ခြင်းမရှိပဲ မောင်းပြေးသွားကြောင်း မြန်မာနိုင်ငံ လူမူကယ်ဆယ် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပြသည်။

“ကျွန်တော်တို့လည်း သတင်းရတာနဲ့သွားကြည့်တော့ ဆိုင်ကယ်သမားက ထိခိုက်ဒဏ်ရာတွေနဲ့ တွေ့ ရတယ်။ ဘယ်ဘက် ပခုံးရိုးကျိုးသွားတယ်၊ ပြီးတော့ ခြေတောက်တွေလည်း ကွဲပြဲ ဒဏ်ရာတွေ ရသွားတယ်။ ကား သမားကတော့ ဝင်တိုက်ပြီး မရပ်ပဲနဲ့မောင်းပြေးသွားတယ်လို့ ဘေးနားက လူတွေ ပြောကြတယ်။ ဘယ်ကိုမောင်း ပြေးသွားလဲဆိုတာတော့ ကျွန်တော်တို့လည်း သေချာမသိရဘူး။ လူနာကတော့ စိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကားတိုက်မူကြောင့် ဆိုင်ကယ်စီးလာသူ အမျိုးသမီးမှာ ဘယ်ဘက် ပခုံးရိုးကျိုး၊ ဘယ်ဘက်ဒူးခေါင်းပွန်းပဲ့ဒဏ်ရာ၊ ဘယ်ဘက်ခြေဖနောက်ကွဲ ဒဏ်ရာများဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။