Trending Now

မိုးညှင်းမြို့တွင် အမျိုးသားနှစ်ဦးထံမှ ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့တွင် အမျိုးသားနှစ်ဦးထံမှ ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အမျိုးသားနှစ်ဦးထံမှ ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဇွန် ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက်နေ့၊ ညနေ ၆ နာရီအချိန် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ဟိုပင်မြို့ဘက်သို့ အေးမင်းအောင်၊ မောင်းနှင်ပြီး ဦးကြည်လိုက်ပါလာသည့် CANTER ၆ ဘီး မော်တော်ယာဉ်အား မူးယစ်သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒဿမ ၆ ကီလို၊ ဘိန်းစိမ်း ၂ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်‌ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများနှင့် ပက်သက်ပြီး အေးမင်းအောင် (ခ) မင်းမင်းနှင့် ဦးကြည်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။