Trending Now

မိုးကောင်းမြို့ ၈မိုင် လမ်းဟောင်းတွင် KIA ၊ PDF လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံ

Spread the love

မိုးကောင်းမြို့ ၈မိုင် လမ်းဟောင်းတွင် KIA ၊ PDF လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၈မိုင်‌လမ်းဟောင်း တွင် KIA၊PDF လက်နက်ကိုင်အဖွဲ့မှ ယမန်န့ နေ့လည်ပိုင်းအချိန်က လူအင်အား အပြည့်အစုံဖြင့် ခရီးသွားပြည်သူများထံမှ အဓမ္မ ဆက်ကြေးကောက်ခံနေကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ၈မိုင် လမ်းဟောင်း အနီးရှိ ကျေးရွာများမှ တောင်သူလယ်သမားများထံတွင်လည်း ယမန်နေ့ ညနေပိုင်းအချိန်က ဆန်နှင့် ဆားပေးဆောင်ရန် တောင်သူလယ်သမားများကို အတင်းကြပ် တောင်းခံနေကြောင်း မီးသွေးကုန်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

” မနေ့ကထဲက လူအင်အား လက်နက်အင်အား အပြည့်အစုံနဲ့ ဆက်ကြေးကောက်နေတယ်။ ၈မိုင်လမ်းဟောင်းဘက္မှာ။ အဲ့လမ်းက ကာမိုင်း၊ မိုးညှင်း၊ လက်ဝါး ဘက်ကို သွားလာလို့ရတဲ့ နေရာဟုတ်တယ်။ ပြီးတော့ ကျေးရွာအတွင်းက လယ်သမားတွေအားလုံး KIA ကို ဆန် တစ်တင်းနဲ့ ဆားပေးရမယ်လို့ ကြိမ်းမောင်းပြောဆိုသွားတယ် ” ဟု ၎င်းက ရှင်းပြသည်။

KIA ၊ PDF လက်နက်ကိုင် အဖွဲ့သည် ယခုလအတွင်း၌ ဖားကန့်၊ ချီဖွေ၊ ကံပိုင်တည်၊ ဗန်းမော်သွားလမ်းတို့တွင် လူအင်အား၊ လက်နက်အင်အားတို့ဖြင့် ဆက်ကြေးကောက်ခံခြင်း၊ လူသစ်ဆွဲခြင်းတို့အား ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြောင်း သိရသည်။

ယင်းအပြင် အစိုးရဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့အား ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်လျက်ရှိပြီး၊ အဆိုပါ လုပ်ဆောင်နေခြင်းအပေါ် တပ်မတော်မှ ထိထိရောက်ရောက် နှိမ်နင်းပြုလုပ်ပေးရန် ဒေသခံ ပြည်သူများက လိုလားနေသည်။

” နိုင်ငံရေးက မကောင်း။ စီးပွားရေးက အဆင်မပြေ။ ကုန်ဈေးနှုန်းတွေက အကုန်ကြီး။ ဒီကြားထဲ KIA ကတစ်မျိုး။ ပြည်သူတွေမှာ ခက်ခဲနေလည်း ဘယ်လက်နက်ကိုင်မှ မငဲ့ကြဘူး။ သူတို့ အဆင်ပြေဖို့ပဲ လုပ်နေကြတယ်။ အဲ့ဒါတွေကို တားစီးပေးဖို့ တပ်မတော်က ကြပ်မတ်ဆောင်ရွက်ပေးဖို့ လိုတယ် ” ဟု ခရီးသွားပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် KIA လက်နက်ကိုင် အဖွဲ့တို့ ၏ တိုက်ပွဲများကြောင့် ခရီးသွားပြည်သူများအနေဖြင့် ခက်ခဲခြင်း၊ အစိုးရ စာသင်‌ေကျာင်းတချို့ ပိတ်ထားရသည့်အတွက်စာမသင်ရသည့် ကျောင်းသား၊ ကျောင်းသူ အများအပြား ပညာရေးနှောင့်နှေးနေမှုများရှိနေကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။