Trending Now

ပူတာအိုမြို့နယ်အတွင်းက တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဟု ကချင်ငြိမ်ချမ်းရေးအကျိုးဆောင်အဖွဲ့ ပြောဆို

Spread the love

ပူတာအိုမြို့နယ်အတွင်းက တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဟု ကချင်ငြိမ်ချမ်းရေးအကျိုးဆောင်အဖွဲ့ ပြောဆို

EPN
ပူတာအို ၊မတ်လ ၂၄

ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း တပ်မတော်နှင့် KIA PDFပူးပေါင်းအဖွဲ့တို့၏ တိုက်ပွဲဖြစ်ပွားမှုကြောင့် တောအတွင်းသို့ တိမ်းရှောင်နေရသည့် ပြည်သူများ နေရပ်ပြန်လည်ရောက်ရှိပြီးနောက် လိုအပ်မှုရှိနေသည့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ရီ ၁ရက်နေ့က စတင်ပြီး တပ်မတော်နှင့် KIA PDFပူးပေါင်းအဖွဲ့တို့ ပူတာခရိုင်အတွင်း တိုက်ပွဲများဖြစ်ပွာမှုကြောင့် ဆွမ်ပီယန်၊ အင်စီးယန်နှင့် လုံချန်ယန်ကျေးရွာများမှ ဒေသခံပြည်သူ ၂၀၀၀နီးပါးခန့်မှာ တောအတွင်း တိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲတိမ်းရှောင်နေသည့် ပြည်သူများ ကိုယ့်ရပ်ကိုယ့်ဒေသများတွင် ပြန်လည် နေထိုင် နိုင်ရေးအတွက် သက်ဆိုင်ရာ နှစ်ဖက် အဖွဲ့အစည်းများနှင့် ညှိ့နှိုင်းမှုများပြုလုပ်ခဲ့ပြီးဖြစ်သည့်အတွက် လိုအပ်မှုရှိနေသည့် စားနပ်ရိက္ခာများကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ပြောရေဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။

“တိုက်ပွဲ‌ရှောင် ပြည်သူတွေ တောထဲနဲ့ အခြားမြို့တွေမှာ စိုးရိမ်လို့ရှောင်နေရတာ အခုဆို နှစ်လပြည့်တော့မယ်ပေါ့ တိုက်ပွဲရှောင်တွေ နေရထိုင်ရ အစားအသောက် အတော်ခက်ခဲနေကြတယ် ဒါကိုသိလို့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ညှိုနှိုင်းပြီး နေရပ်ပြန်လည်နေထိုင်ကြဖို့ ညှိုနှိုင်းလုပ်ဆောင်ပေးခဲ့တယ် လိုအပ်နေတဲ့ စားနပ်ရိက္ခာအတွက်လည်း သက်ဆိုင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ရော နောက်ပြီးတော့ NGO အဖွဲ့တွေဆီကလည်း အကူအညီတောင်းခံထားတယ် တိုက်ပွဲရှောင်တွေအတွက် သွားရောက်လှူဒါန်းဖို့ စီစဉ်ထားတယ် “ဟု ၎င်းကပြောသည်။

ပူတာအိုခရိုင်အတွင်း တပ်မတော်နှင့် KIA PDFပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူတချို့ သေဆုံးမှုနှင့် အိုးအိမ်ပျက်ဆီးမှုများရှိခဲ့ကြောင်း တိုက်ပွဲရှောင်ပြည်သူတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်တော့ အိမ်တွေ မီးလောင်တာရှိတယ် လက်နပ်ကြီးကျည်ကျလို့ ပျက်စီးတဲ့အိမ်တွေရှိတယ် ကျည်မှန်လို့သေတာ တောထဲမှာဖျားနာတာ အိမ်မွေးတိရိစ္ဆာန်သေတာတွေ အများကြီးကြုံတွေခဲ့ရတယ် အခုဆို စားဖို့အတွက်နဲ့ ဆေးဝါးတွေလိုအပ်နေတယ် “ဟု ဆွမ်ပီယာန်တိုက်ပွဲရှောင်ပြည်သူတစ်ဦးကပြောသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။