Trending Now

အိန္ဒိယကျေးလက်နေ ပြည်သူများ နေရောင်ခြည်စွမ်းအင်ကို မီခိုနေရ

Spread the love

အိန္ဒိယကျေးလက်နေ ပြည်သူများ နေရောင်ခြည်စွမ်းအင်ကို မီခိုနေရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၅

အိန္ဒိယနိုင်ငံမှာ ပူပြင်းတဲ့ ရာသီဥတုအခြေအနေတွေကြောင့် လျှပ်စစ်ဓာတ်အားအတွက် လက်ရှိအသုံးပြုနေတဲ့ ကျောက်မီးသွေးလုပ်ငန်းကို ဖယ်ထုတ်နိုင်ဖို့ ကြိုးစားနေရပြီး အိန္ဒိယကျေးလက်နေ ပြည်သူတွေဟာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို မီခိုနေရပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို မြှင့်တင်နေရချိန်မှာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့နဲ့ ကျောက်မီးသွေးပြတ်လပ်မှုကြောင့် အခက်ကြုံနေရတဲ့ နိုင်ငံရဲ့ ဓါတ်အားလိုအပ်ချက်ကို ထိန်းညှိနိုင်ဖို့အတွက်လည်း နေရောင်ခြည်စွမ်းအင်ကို မှီခိုနေရပါတယ်။

ဗူဒရက် ကျေးရွာမှာ ဆိုလာပါဝါစနစ်ကို တပ်ဆင်ပြီးကတည်းက ကျေးလက်နေပြည်သူတွေဟာ လျှပ်စစ်သုံးစွဲမှုအခွန်အခတွေကို လျော့ချနိုင်ခဲ့တဲ့အတွက် ဘဏ်မှာ လစဉ်အကောင့်သစ် ၂၅ ကောင့်ကနေ ၃၀ အထိဖွင့်လှစ်နိုင်ခဲ့ပြီး ယခင်ကထက် ၁၀ ရာခိုင်နှုန်းပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

အိန္ဒိယ အစိုးရက ၂၀၃၀ ခုနှစ်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပမာဏ ၅၀၀ ဂီဂါဝပ်အထိ တပ်ဆင်နိုင်ဖို့ကြိုးပမ်းနေတဲ့ အနက် ထက်ဝက်ကျော်ဟာ ဆိုလာစွမ်းအင်ကို အသုံးပြုဖို့လျာထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ လူဦးရေ ၆၅ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့အတွက် ဆိုလာစွမ်းအင်ကို အသုံးပြုခြင်းဟာ ကျေးလက်နေပြည်သူတွေအတွက် အိမ်တွင်းစီးပွားရေး အခွင့်အလမ်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

Source – ECOB

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။