Trending Now

ပင်လယ်ပြင်မှာ မီးလောင်နေတဲ့ ဖိလစ်ပိုင်ခရီးသည်တင် သင်္ဘောကနေ လူ ၁၂၀ လုံးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့

Spread the love

ပင်လယ်ပြင်မှာ မီးလောင်နေတဲ့ ဖိလစ်ပိုင်ခရီးသည်တင် သင်္ဘောကနေ လူ ၁၂၀ လုံးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့

EPN
နိုင်ငံတကာ၊ ဇွန် ၁၉

တနင်္ဂနွေနေ့က ပင်လယ်ပြင်မှာ မီးလောင်ခဲ့တဲ့ ဖိလစ်ပိုင်ခရီးသည်တင်သင်္ဘောပေါ် လိုက်ပါလာတဲ့ ခရီးသည်နဲ့ အမှုထမ်း ၁၂၀ လုံးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး မီးကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

M/V Esperanza Star ခရီးသည်တင် သင်္ဘောဟာ ခရီးသည် ၆၅ ဦး၊ အမှုထမ်း ၅၅ ဦးတို့နဲ့အတူ ဖိလစ်ပိုင်အလယ်ပိုင်း ဆီကွေကျို ပြည်နယ်ကနေ ဘိုဟိုးလ် ပြည်နယ်ကို ထွက်ခွာလာစဉ် နံနက်အရုဏ်တက်ချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

“ကူးတို့သင်္ဘောပေါ် လိုက်ပါလာသူအားလုံး ဘေးကင်းပါတယ်”လို့ ကမ်းခြေစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျွိုင်းခမ်းတေး က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

အသက်ဘေးက လွတ်မြောက်လာသူတွေကို ဘိုဟိုးလ် ပြည်နယ်က တဂ်ဘီလာရန် ဆိပ်ကမ်းမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရာမှာ ငါးနာရီကျော်ကြာ အချိန်ယူခဲ့ရပြီး မီးငြှိမ်းသတ်ရန်အတွက် ရေယာဉ်နှစ်စီး ဖြန့်ကျက်ချထားခဲ့တယ်လို့ ကမ်းခြေစောင့် တပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တောင်ပိုင်းကျွန်းပြည်နယ် ဘတ်စီလန် ကမ်းလွန်မှာ လူပေါင်း ၂၅၀ ခန့် တင်ဆောင်လာတဲ့ သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့လို့ ခရီးသည်နဲ့ အမှုထမ်း အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။