Trending Now

ကချင်ပြည်နယ် အထူးဒေသ (၁)၊မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုမှ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီး ကျောင်းဝန်းပတ်လည် လျှပ်စစ်မီး တိုင်စိုက်ထူရန် ကျပ်ငွေ ၁၅ သိန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

Spread the love

ကချင်ပြည်နယ် အထူးဒေသ (၁)၊မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုမှ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီး ကျောင်းဝန်းပတ်လည် လျှပ်စစ်မီး တိုင်စိုက်ထူရန် ကျပ်ငွေ ၁၅ သိန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ မတ်လ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာရှိတဲ့ ပြည်လုံးချမ်းသာ (ကျွန်းပင်သာ ဘုန်းတော်ကြီး ကျောင်း) တွင် မတ်လ (၂၀) ရက်၊ တပေါင်းလကွယ်နေ့ ဒီကနေ့ မနက်ပိုင်းက ကချင်ပြည်နယ် အထူးဒေသ (၁)၊ ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစု မှ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းဝန်းပတ်လည် လျှပ်စစ်မီးတိုင် စိုက်ထူရန်အတွက် ကျပ်ငွေ ၁၅ သိန်း နှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံးမှ အလှူရှင်များ ဖြစ်ကြသော ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ဦးတွမ်ပီချင်းဦးရဲလင်းထွန်း၊ ဦးအားမြင့်၊ ဦးအောင်ရင်၊ တို့ မိသားစုတွေက ဆရာတော် သံဃာတော်များကို လှူဖွယ် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်လုံးချမ်းသာ(ကျွန်းပင်သာ ပရတိယကျောင်းတိုက်) ဆရာတော်ဘုရားထံက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

အဲ့ဒီနောက်မှာတော့ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းကပ် လှူပူဇော်ခဲ့ကြပြီး ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေကိုလည်း နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ကချင်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း အား အမှူးထားပြီး ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံးမှ အလှူရှင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးတွမ်ပီချင်းနဲ့ ဦးရဲလင်းထွန်းတို့ မိသားစုတွေက ယခုနှစ်အတွင်း တန်ဆောင်မုန်းလကွယ်နေ့ကစပြီး လပြည့်၊ လကွယ်နေ့များတိုင်းမှာ ပြည်လုံးချမ်းသာ (ကျွန်းပင်သာပရဟိတ ဘုန်းတော်ကြီးကျောင်း)မှာ သီတင်းသုံးနေထိုင်တော် မူကြတဲ့ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနဲ့ ပရဟိကျောင်းမှာရှိတဲ့ ဝေယျာဝိစ္စအဖွဲ့များ၊ မိဘမဲ့ကျောင်းသားများကို နေ့လယ်စာ ကျွေးမွေး လှူဒါန်းခြင်းတို့ကိုပြုလုပ်လာတာ ယနေ့နဲ့ ဆိုလျင် (၉) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။

ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစု အနေဖြင့် ပြည်လုံးချမ်းသာ(ကျွန်းပင်သာ ပရဟိတ ဘုန်းတော်ကြီး ကျောင်းတိုက်) တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် ပထမဝါဆို လကွယ်နေ့ အထိ လပြည့်၊ လကွယ်နေ့များ တိုင်းမှာ ယခုလို လှူဒါန်းမှုများကို ဆက်လက်ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း အလှူရှင်များထံမှ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။