Trending Now

မအူပင်မြို့နယ်တွင် ယခုလ ၂၅ ရက်အတွင်း အကြမ်းဖက်အဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ အဖမ်းခံရသူ၁၉ ဦးထိရှိလာ

Spread the love

မအူပင်မြို့နယ်တွင် ယခုလ ၂၅ ရက်အတွင်း အကြမ်းဖက်အဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ အဖမ်းခံရသူ၁၉ ဦးထိရှိလာ

EPN
မအူပင် ၊ ဇူလိုင် ၂၈

ဧရာဝတီတိုင်း၊မအူပင်မြို့နယ်တွင် ယခုလ၂၅ ရက်အတွင်း အကြမ်းဖက်အဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံထားရသူ ၁၉ ဦးအထိရှိလာပြီဖြစ်ကြောင်းမအူပင်မြို့အဖမ်းခံရသည့် မိသားစုဝင်များထံမှသိရသည်။

ဖမ်းဆီးခံရသူများမှာ ဇူလိုင်လ ၂ ရက်မှ ယမန်နေ့ အထိ ၂၅ ရက်အတွင်း အမျိုးသား ၁၅ ဦးနှင့်အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၉ ဦးဖြစ်ကြောင်းသိရသည်။

”အဖမ်းခံရသူတွေထဲကနေဒီကနေ့အထိ အဆက်အသွယ်မရသူတွေရှိတယ်၊ထားတဲ့နေရာသိရှိပေမဲ့ တွေ့ခွင့်မရတာတွေရှိတယ်၊ ကာလ ရှည်ထိန်းချုပ် ခံထားရတော့ ရိုက်နှက်မှာတွေကိုစိုးရိမ်တယ်၊အခုနောက် ပိုင်း စစ်ကြောရေးတွေမှာသေဆုံးတာတွေရှိလာတော့ ပိုစိုးရိမ်တယ် အဖမ်းခံရသူတွေနဲ့တွေ့ခွင့်လေးရရင် ကျေနပ်တယ် ”ဟုမအူပင်မြို့ခံအဖမ်းခံရသူတစ်ဦး၏မိသားစုဝင်တစ်ဦးကပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ၁၉ ဦးမှာ PDF များအား ကူညီထောက်ပံ့ပေးခြင်း၊ NUG နှင့်ဆက်စပ်အဖွဲ့ အစည်းများကို ဆက်သွယ်ခြင်းရှိသည်ဟုဆိုကာသံသယ ဖြင့်ဖမ်းဆီးထားခြင်းဖြစ်ပြီး လူကြီးပိုင်း ၄ ဦး၊လူလတ် ပိုင်း ၇ ဦးနှင့်လူငယ်ပိုင်း ၈ ဦးတို့ဖြစ်ကြောင်းသိရသည်။

”အဖမ်းခံရသူတွေကို စစ်ဆေးတာကို အရင်လုပ်တာပါ အပြစ်ရှိရင် တရားစွဲခံရမှာပါ အပြစ်မရှိရင်တော့ တရားစွဲ မခံရပါဘူး အဓိကကတော့ဖမ်းဆီးစစ်ဆေးခံရသူဟာအပြစ်မရှိဖို့ပါဘဲ။”ဟု အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မအူပင်မြို့နယ်တွင် တပ်မတော်အား အာဏာလွှဲပြောင်းသည့် ဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် ဆန္ဒထုတ်ဖော်ရာတွင်ဦးဆောင်ပါဝင်သူများ၊နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊NLD ပါတီဝင်နှင့် CDM ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၂၀၀၀ ကျော်အဖမ်းခံထားရကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။