Trending Now

တပ်မတော် တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွား ၊ လေယာဉ်မှူးသေဆုံး

Spread the love

တပ်မတော် တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွား ၊ လေယာဉ်မှူးသေဆုံး
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၆
တပ်မတော်(လေ)မှတိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ယနေ့မနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် လေ့ကျင့်ပျံသန်းစဉ် စစ်ကိုင်းတိုင်း၊ အုန်းတောကျေးရွာ အရှေ့ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း ပျက်ကျသွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းနောက် အဆိုပါ ပျက်ကျသည့် လေယာဉ်သည် လေယာဉ်မှူးတစ်ဦးတည်း လိုက်ပါမောင်းနှင်ရသည့် လေယာဉ်အမျိုးအစားဖြစ်ဖြစ်ပြီး ပျက်ကျသွားသော လေယာဉ်မှ လေယာဉ်မှူးအား အသက်သေဆုံးလျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းလျက်ရှိသည့် တိုက်ခိုက်ရေး လေယာဉ် တစ်စင်းသည် ယနေ့နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် အခြား လေယာဉ်တစ်စင်းဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်စဉ် အဆိုပါတိုက်လေယာဉ် စက်ချို့ယွင်းကာ ပျက်ကျခဲ့ သည်ကို ရှာဖွေ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။