Trending Now

ရဲတပ်ဖွဲ့ဝင်တွေ အသက် ၆၀ ပြည့်တာနဲ့ အငြိမ်းစားယူရမယ်လို့ ထုတ်ပြန်

Spread the love

ရဲတပ်ဖွဲ့ဝင်တွေ အသက် ၆၀ ပြည့်တာနဲ့ အငြိမ်းစားယူရမယ်လို့ ထုတ်ပြန်

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၈

ရဲတပ်ဖွဲ့ဝင်တွေ အသက် ၆၀ ပြည့်တာနဲ့ အငြိမ်းစားယူရမယ်လို့ န.စ.က ဥက္ကဌက လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ ပုဒ်မ၄၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)ကို အငြိမ်းစားယူရမယ့် သတ်မှတ်ထားတဲ့ အသက်ပြည့်ပါက အငြိမ်းစားယူရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစားထိုးပြင်ဆင်လိုက်တာပါ။

ယင်ခင်က ပုဒ်မခွဲငယ်(၁)ကို အငြိမ်းစားယူရမယ့် အသက်(၆၀)ပြည့်ရင် “သီးခြားကိစ္စရပ်တွေမှအပ” သက်ပြည့်ပင်စင်ယူရမှာဖြစ်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်တွေ အနေနဲ့အသက်(၆၀)ပြည့်ရင် တာဝန်ဆက်လက်ထမ်းဆောင်စရာမလိုတော့ဘဲ သက်ပြည့် ပင်စင် ယူရမှာဖြစ်ပါတယ်။

အငြိမ်းစားယူတဲ့အခါမှာလည်း သတ်မှတ်ချက်တွေနဲ့ အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရရှိမယ်လို့ ဆိုပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။