Trending Now

လုံးခင်းဒေသတွင် လင်မယားချင်း အချင်းများရာမှ ဓါးထိုးမှုဖြစ်၊ အမျိုးသမီး သေဆုံး

Spread the love

လုံးခင်းဒေသတွင် လင်မယားချင်း အချင်းများရာမှ ဓါးထိုးမှုဖြစ်၊ အမျိုးသမီး သေဆုံး

EPN
ဖားကန့်၊ မေလ ၃၁

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာတွင် ယနေ့ မေ ၃၁ ရက်၊ နေ့လယ်ပိုင်းက လင်မယားချင်း အချင်းများ၊ စကားများရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မှော်ပုံကျေးရွာနေ အသက် ၂၅ နှစ်ခန့် အရွယ်ရှိ ဒေါ်အေးအေးခိုင်ဆိုသူ ဖြစ်ပြီး ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ၀ဲလည်ပင်း ထိုးသွင်း ဒဏ်ရာ တစ်ချက် ဖြင့် သေဆုံးနေကြောင်း သိရသည်။

ယင်းဖြစ်စဉ် စစ်ဆေးပေါ်ပေါက်ချက်အရ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်ထိုက်မှ လင်မယားချင်း အချင်းများ၊ စကားများရာမှတဆင့် သတ်မိကြောင်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား တာဝန်ရှိသူများက မေတ္တာရှေ့ဆောင် လူမှုကူညီရေးအသင်းကားဖြင့် လုံးခင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဦးအောင်ဇော်ထိုက်၊ (၂၅)နှစ်၊ (ဘ) ဦးသန်းဝင်း၊ မှော်ပုံကျေးရွာနေထိုင်သူအား တရားဥပဒေအရ အရေးယူနိုင်ရေး လုံခင်းနယ်မြေရဲစခန်းမှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အာဆီယံ(ဖားကန့်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။