Trending Now

လိုင်စင်ခွင့်ပြုချက်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ထုတ်ပြန်ခြင်းကြောင့် ပြည်သူများကို အကြမ်းဖက်မှုလျော့နည်းလာနိုင်သည်ဟုဆို

Spread the love

လိုင်စင်ခွင့်ပြုချက်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ထုတ်ပြန်ခြင်းကြောင့် ပြည်သူများကို အကြမ်းဖက်မှုလျော့နည်းလာနိုင်သည်ဟုဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ လိုင်စင်ခွင့်ပြုချက်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ထုန်ပြန်လိုက်ခြင်းကြောင့် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်း လာနိုင်မည်ဖြစ်ကြောင်း ပြည်သူများက သုံးသပ် ပြောဆိုထားသည်။

လိုင်စင်ခွင့်ပြုချက်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုခြင်းကြောင့် ပြည်သူများသည်လည်း လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်နိုင်လာသည့်အတွက် အကြမ်းဖက်လုပ်ဆောင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူများကို လက်နက်ပြကာ အကြမ်းဖက်မှုများကို ယခင်ကဲ့သို့ လုပ်ဆောင်ခြင်း လျော့နည်းလာနိုင်သည်ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

“အခုလို လိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်တော့ အရင်ကနဲ့ မတူတော့တဲ့အခြေနေကို ရောက်ရှိလာပြီလို့ ပြောလို့ရတယ်၊ ဘာလို့လဲဆိုတော့ အကြမ်းဖက်မူတွေရှိလာရင်တောင် ကိုယ်လည်း လက်နက်နဲ့ သူလည်းလက်နက်နဲ့ ဆိုတော့ဘယ်သူမဆို ကိုယ့်အသက်အန္တရာယ်ရှိလာတဲ့ အချိန်တော့ ခုခံတိုက်ခိုက်မှာပဲ အဲ့ဒီလိုတွေခုခံတိုက်ခိုက်လာရင် အကြမ်းဖက်လုပ်မယ့်သူတွေကလည်း သဘောပေါက်လာမယ် သူတို့ပဲ လက်နက်ရှိတာ မဟုတ်တော့ဘူးဆိုပြီး နောက်ဆို အကြောင်းမသိပဲ ပြည်သူတွေဆိုပြီး အကြမ်းဖက်တာတွေ လုပ်ဆောင်တာနည်းလာနိုင်မှာပဲ”ဟု ၎င်းကပြောသည်။

ယင်းအပြင် လိုင်စင်ရှိ လက်နက်ကိုင်ဆောင်လာနိုင်သူများလာပါက ပြည်တွင်းပြည်ပ လက်နက်မှောင်ခိုရောင်းဝယ်မူများလည်း လျော့နည်းလာနိုင်ကြောင်းလည်း ပြောဆိုသုံးသပ်ကြသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။