Trending Now

ခရီးသည်ယာဉ်ပေါ်တွင် သံဃာအယောင်ဆောင်၍ လိုက်ပါလာသည့် ဘင်္ဂလီ (၆) ဦး၊ သီလရှင်တစ်ပါးနှင့်အတူ (၃) ဦး ဖမ်းဆီးရမိ

Spread the love

ခရီးသည်ယာဉ်ပေါ်တွင် သံဃာအယောင်ဆောင်၍ လိုက်ပါလာသည့် ဘင်္ဂလီ (၆) ဦး၊ သီလရှင်တစ်ပါးနှင့်အတူ (၃) ဦး ဖမ်းဆီးရမိ

EPN
နေပြည်တော်၊ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၊ ဇင်ပြွန်းကျေးရွာအုပ်စု ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် “ကြံ တိုင်းအောင်” မှန်လုံခရီးသည်တင်ယာဉ်ပေါ်တွင် သံဃာအယောင်ဆောင်၍ လိုက်ပါလာသည့် ဘင်္ဂလီ ၆ ဦး၊ သီလရှင်တစ်ပါးနှင့်အတူ (၃) ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက် ည ၁၁:၃၀ အချိန်တွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် “ကြံတိုင်းအောင်” မှန်လုံခရီးသည်တင်ယာဉ်အား ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများမှ ထိုယာဉ်အား စစ်ဆေး ရာတွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထိုဖမ်းဆီးရရှိသူများမှာ ဘင်္ဂလီ (၆) ဦး၊ သီလရှင် (၁) ပါး နှင့် အမျိုးသား (၂) ဦးတို့ကို ငဖဲမြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Photo – Credit

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။