Trending Now

အမေရိကန်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မယ်

Spread the love

အမေရိကန်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မယ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၁၆ သန်းပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောပါတယ်။

ရန်ပုံငွေအသစ်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အဓိက ကူညီထောက်ပံ့ဖို့ ရည်ရွယ်ထားတယ်လို့ ဘလင်ကက စက်တင်ဘာ ၂၁ ရက်နေ့က ပြောပါတယ်။

ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက စတင်ပြီး အမေရိကန်ရဲ့ ထောက်ပံ့မှုဟာ ကန်ဒေါ်လာ ၂.၂ ဘီလီယံကျော်ရှိကြောင်း ဘလင်ကင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။