Trending Now

နိုင်ငံရေးပါတီ ပါတီရုံးခန်းများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဖွင့်လှစ်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

Spread the love

နိုင်ငံရေးပါတီ ပါတီရုံးခန်းများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဖွင့်လှစ်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၆

နိုင်ငံရေးပါတီများ ပါတီရုံးခန်းများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဖွင့်လှစ်ရမည်ဖြစ်ပြီး၊ ဖွဲ့စည်းမှုများကို ဖွဲ့စည်းပုံနှင့်အညီ စနစ်တကျ တာဝန်ပေးအပ်ထားရန် လိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ မြန်မာ အီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၅ရက်၊ ၉ နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ယင်းအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်း အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခင်နိုင်ငံရေး ပါတီများနှင့် ၄ ကြိမ် တွေ့ဆုံဆွေးနွေးပြီး နောင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့် သင့်လျော်ပြီး ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List-PR) ကို ပြောင်းလဲကျင့်သုံးရန် သဘောတူညီခဲ့ကြကြောင်း၊ အချိုးကျကိုယ်စားပြု စနစ်နှင့်ကိုက်ညီမည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းထုတ်ပြန်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းနိုင်ငံရေးပါတီများသည် ပါတီရုံးခန်းများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဖွင့်လှစ်ရမည်ဖြစ်ပြီး၊ ဖွဲ့စည်းမှုများကို ဖွဲ့စည်းပုံနှင့်အညီ စနစ်တကျ တာဝန်ပေးအပ်ထားရန် လိုကြောင်း၊ ပါတီအလံနှင့် ဆိုင်းဘုတ်များကိုလည်း သတ်မှတ်ချက်နှင့်အညီ စနစ်တကျဆောင်ရွက်ရန်နှင့် ပါတီ၏ ဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲ ဆောင်ရွက်ထားရန်လိုကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်ရေးနှင့် လျင်မြန်လွယ်ကူစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေးရာမှာ မဲမသမာမှုများ မဖြစ်စေရန်နှင့် မဲပေးရာတွင် မြန်ဆန်လွယ်ကူခြင်း၊ အချိန်တိုအတွင်း တိကျသော မဲရလဒ်များ ရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲလက်မှတ်များရိုက်နှိပ်ရသည့် ကုန်ကျစရိတ်များ လျော့နည်းစေခြင်းတို့အတွက် ရည်ရွယ်ပြီး၊ အီလက်ထရောနစ် မဲပေးစက် အသုံးပြုရေးကို ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ယင်းအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

၎င်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်း များ၌ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို ပါဝင်ဆောင်ရွက်ခွင့်ပြုသွား မည်ဖြစ်သည့် အတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံရေးပါတီများသည် နိုင်ငံတော်တာဝန် များကိုဦးဆောင်ပြီး ဆောင်ရွက်ရမည်ဖြစ်ရာ ခိုင်မာအားကောင်းသော အဖွဲ့အစည်းများ ဖြစ်ရန် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများကို အသစ်ပြဋ္ဌာန်း ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှတာဝန်ရှိ သူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။