Trending Now

မြန်မာနိုင်ငံကို အိုင်စီဂျေ၌ တရားစွဲဆိုရာတွင် ဦးဆောင်ခဲ့သည့် ဂမ်ဘီယာ တရားရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

Spread the love

မြန်မာနိုင်ငံကို အိုင်စီဂျေ၌ တရားစွဲဆိုရာတွင် ဦးဆောင်ခဲ့သည့် ဂမ်ဘီယာ တရားရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

EPN
နိုင်ငံတကာ၊ ဇွန် ၂၆

နိုင်ငံတကာတရားမျှတမှုတရားရုံး (အိုင်စီဂျေ) ၌ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ဖြင့် တရား စွဲဆိုရာတွင် ဦးဆောင်ခဲ့သူ ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘေကာတမ်ဘာဒေါမှာ ရာထူးမှနှုတ်ထွက်ခဲ့ပြီဟု ဂမ်ဘီယာအစိုးရက ပြောသည်။

ကုလသမဂ္ဂအဖွဲ့၌ ရာထူးတစ်ခုဖြင့် တာဝန်ထမ်းဆောင်ရန် အဘူဘေကာသည်ဇွန်လ ၃၀ ရက်မှစ၍ တ ရားရေးဝန်ကြီးနှင့် ရှေ့နေ့ချုပ်ရာထူးမှ နှုတ်ထွက်မည်ဟု ဂမ်ဘီယာနိုင်ငံက ပြောကြားသည်။

ဂမ်ဘီယာအာဏာရှင်ဟောင်း ယာရာဂျမ်မီလက်ထက်တွင် ကျူးလွန်ခဲ့သော ချိုးဖောက်မှုများ စုံစမ်းစစ် ဆေးမည့် ဂမ်ဘီယာ အမှန်တရား၊ ပြန်လည့်သင့်မြတ်ရေးနှင့် စစ်လျော်ကြေးကော်မရှင် ဖွဲ့စည်းရာတွင် ၂၀၁၇ ခု နှစ်တွင် တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် အဘူဘေကာက အရေးပါခဲ့သည်။

အာဏာရှင် ဂျမ်မီသည် ဂမ်ဘီယာနိုင်ငံကို ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး အက်ဒမာဘားရိုးကို သမ္မတရွေး ကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရလတွင် တိုင်းပြည်မှထွက်ပြေးသွားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် ဂျမ်မီကိုထောက်ခံသူများက အာဏာရှင်ဟောင်းကို တိုင်းပြည်သို့ပြန်လာရန် တောင်းဆိုခဲ့သော်လည်း ဂျမ်မီအနေဖြင့် ပြည်ပမှပြန်လာလျင် အဖမ်းခံရမည်ဖြစ်ကာ ကျူးလွန်ခဲ့သောပြစ်မှုများအ တွက် တာဝန်ယူရမည်ဟု ပြောကြားခဲ့သည်။

ရှေ့နေတစ်ဖြစ်လဲ နိုင်ငံရေးသမား အဘူဘေကာက မူဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်သည်ဟုဆို ကာ နိုင်ငံတကာတရားမျှတမှုတရားရုံး (အိုင်စီဂျေ) ၌ မြန်မာနိုင်ငံကို တရားစွဲဆိုမှုကြောင့် နိုင်ငံတကာ၌ ထင်ရှား လာခဲ့သည်။

ဂမ်ဘီယာမှာ လူဦးရေနှစ်သန်းခန့်သာရှိသည့် ဆင်းရဲသော မူဆလင်နိုင်ငံတစ်ခုဖြစ်ပြီး အာဖရိကတိုက် တွင် အသေးငယ်ဆုံးတိုင်းပြည်ဖြစ်သည်။

ဂမ်ဘီယာသမ္မတရုံးက ဇွန်လ ၂၅ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး တရားရေးဝန်ကြီးအဖြစ် မျိုးချစ်စိတ်အပြည့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုနှင့် နိုင်ငံတကာပုံရိပ် ကောင်းမွန်လာစေမှုကြောင့် အဘူ ဘေကာကို ချီးကျူးခဲ့သည်။

–ကိုးကား–
ဗွီအိုအေ
Ref; Gambia’s Justice Minister, Human Rights Champion Resigns


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။