Trending Now

မြဝတီမြို့နယ်အတွင်းရှိ ဥကရစ်ထ စစ်ဆေးရေးခြေကုန်စခန်းအား လာရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့အား ထိရောက်စွာ ခြေမှုန်းသွားမည်ဟု သတင်းထုတ်ပြန်

Spread the love

မြဝတီမြို့နယ်အတွင်းရှိ ဥကရစ်ထ စစ်ဆေးရေးခြေကုန်စခန်းအား လာရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့အား ထိရောက်စွာ ခြေမှုန်းသွားမည်ဟု သတင်းထုတ်ပြန်

EPN
မြစ်ကြီးနား ၊ ဇွန် ၃၀

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်အတွင်းရှိ ဥကရစ်ထ စစ်ဆေးရေးခြေကုတ်စခန်းသို့ အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများ နှင့် KNLA ပူးပေါင်းအဖွဲ့တို့အား ဆက်လက်ခြေမှုန်းသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၆ ရက်နေ့မှစ၍ အကြမ်းဖက်သမားများသည် ဥကရစ်ထ စစ်ဆေးရေးခြေကုန်စခန်းအား သိမ်းပိုက်နိုင်ရေး အင်အားများ ထပ်မံဖြည့်တင်းပြီး ၈ ကြိမ်တိုင်တိုင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ကူပစ်အား အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း သိရသည်။

၎င်းဥကရစ်ထ စစ်ဆေးရေးခြေကုန်စခန်းမှ တပ်မတော်သားများ ကြံ့ကြံ့ခံ ခုခံပစ်ခတ်ပေးပြီး ၊ အထက်ဌာမှလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးသောကြောင့် အကြမ်းဖက်သမားများကျဆုံးမှုများပြားလျက် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ ထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းအား လာရောက်တိုက်ခိုက်သည့် အကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့များ၊ ပတ်ဝန်းကျင်ရှိ အကြမ်းဖက်သမားများအား ထိရောက်စွာ ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။