Trending Now

ရုရှား ယူကရိန်း စစ်ပွဲ တစ်လပြည့် အပစ်အခတ်ရပ်စဲဖို့ လက္ခဏာမတွေ့

Spread the love

ရုရှား ယူကရိန်း စစ်ပွဲ တစ်လပြည့် အပစ်အခတ်ရပ်စဲဖို့ လက္ခဏာမတွေ့

EPN

နိုင်ငံတကာ၊ မတ် ၂၄

ယနေ့ မတ်လ ၂၄ ရက်နေ့ဟာ ရုရှား-ယူကရိန်းစစ်ပွဲ တစ်လပြည့်တဲ့နေ့ဖြစ်ပြီး တိုက်ပွဲတွေဟာလဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

တစ်လအတွင်းမှာ ယူကရိန်းနဲ့ ရုရှားတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အပစ်ရပ်စဲဖို့ လက္ခဏာတော့ မတွေ့ရသေးပါဘူး။

ဒီတစ်လအတွင်း ယူကရိန်းရဲ့ မြို့ကြီးတွေပျက်စီးကာ လူသန်းနဲ့ချီ ဒုက္ခသည်တွေဟာလည်း နိုင်ငံထဲကထွက်ပြေးနေရပြီး အရပ်သားတွေ ရာချီသေဆုံးရတာတွေ ရှိခဲ့ပါတယ်။

ယူကရိန်နိုင်ငံအတွင်းရှိ အချို့မြို့တွေဟာဆိုရင် ၈၀ ရာခိုင်နှုန်းနီးပါပျက်စီး နေပြီး လူနေလို့မရလောက်အောင်ကို ပျက်စီးနေတယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ ယူကရိန်းပြည်သူပေါင်း ၃ ဒသမ ၅ သန်းကျော်ဟာ ရုရှားရဲ့ကျူးကျော်မှုအတွင်း ဒုက္ခသည်အဖြစ်နဲ့ အခြားနိုင်ငံတွေကို ထွက်ပြေးနေရပြီး အရပ်သား ၉၂၀ ကျော်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ က ဆိုပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြပြီး ရုရှား သူဌေးကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းခဲ့ကြပါတယ်။

ယူကရိန်းကို ရုရှားက စစ်အင်အား အလုံးအရင်းနဲ့ ဝင်လာပေမဲ့ ရှေ့ဆက်မတိုးနိုင်သေးဘဲ ရပ်တန့်နေပါတယ်။ဒါဟာ ထောက်ပံ့ရေးဆိုင်ရာ စစ်ဆင်ရေးညံ့ဖျင်းတာနဲ့ ယူကရိန်းရဲ့ မမျှော်လင့် တဲ့ခံစစ်ကြောင့်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ယူကရိန်းစစ်ဆင်ရေးနဲ့ပတ်သက်လို့ ရုရှားသမ္မတ ပူတင်က “ဒီစစ်ဆင်ရေးမှာ ကျွန်တော်တို့ စစ်သားတွေ ဘယ်လောက် သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နေသလဲဆိုတာ တွေ့ရမှာပါ။ သူတို့အချင်းချင်း ပခုံးချင်းယှဉ်ပြီး တစ်ယောက်ကို တစ်ယောက် ကူညီပြီးတိုက်ပွဲ ဝင်နေပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ရုရှား စစ်သား ၅၀၀ လောက်သေဆုံးခဲ့တယ်လို့ ရုရှားအဏာပိုင်တွေက ပြောဆိုထားပေမယ့် အမေရိကန်ကတော့ သေဆုံးခဲ့တဲ့ ရုရှားစစ်သား အရေအတွက်ဟာ ၇၀၀၀ နီးပါရှိနေတယ်လို့ ဆိုပါတယ်။

ယူကရိန်း သမ္မတ ဇလန်ဇကီက ရုရှားသမ္မတ ပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေဖို့ တောင်းဆို ထားပြီး ပူတင်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ယူကရိန်းအတွက် အရေးကြီးတဲ့ နယ်မြေသိမ်းပိုက်ခံရတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

Source – BBC


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။