Trending Now
ABSDFအဖွဲ့ဝင်(၃)ဦးအနက် တစ်ဦးသာလွတ်မြောက် ကျန် ၂ဦးကို ထောင်ဒဏ် (၂)နှစ်စီကျခံရန် မိုးညှင်းမြို့နယ်တရားရုံးမှ စီရင်ချက်ချမှတ်
Spread the love
ABSDFအဖွဲ့ဝင်(၃)ဦးအနက် တစ်ဦးသာလွတ်မြောက် ကျန် ၂ဦးကို ထောင်ဒဏ် (၂)နှစ်စီကျခံရန် မိုးညှင်းမြို့နယ်တရားရုံးမှ စီရင်ချက်ချမှတ်
EPN
မိုးညှင်း ဧပြီ ၁၁
မိုးညှင်းမြို့တွင် မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသော (ABSDF)အဖွဲ့ဝင်(၃)ကို မိုးညှင်းမြို့နယ်တရားရုံး၌ မြို့နယ်တရားသူကြီး ဦးဇော်လင်းထွန်းက ယနေ့ဧပြီ(၁၁)ရက်နေ့က ညနေ (၄)နာရီအချိန်က အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ တရားခံဟု စွပ်စွဲခံရသူ(၃)ဦးအနက် တစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း ရှေ့နေဦးတင်လှိုင်ထံမှ သိရသည်။
အဆိုပါ တရားစွဲဆိုခံရသူ သုံးဦးအနက်မှ (ABSDF) ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးနှင့် ကိုမောင်ဦးတို့ကို ထောင် နှစ်နှစ်စီချမှတ်ခဲ့ပြီး ကိုမောင်ကိန်းကိုတော့ လွတ်မြောက်ခွင့်ပြုရန် ချတ်မှတ်ခဲ့ကြောင်း ယင်း တရားခံရှေ့နေ ဦးတင်လှိုင်က ပြောသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသည့် ကိုအောင်ဆွေဦးနှင့်ကိုမောင်ဦး အမှုနှင့် ပတ်သက်ပြီး အထက်အဆင့်သို့ အယူခံတင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ(ABSD)အဖွဲ့ဝင်(၃)ဦးသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နေ ရဲဘော်ပေါက်ကွေး၏ နာရေးသို့ လာရောက်စဉ် မိုးညှင်းမြို့အာဠဝီကုန်းရပ်ကွက်ရှိ ဦးအောင်ဆန်းဦး၏နေအိမ်သို့ရောက်ရှိနေစဉ် မိုးညှင်းမြို့ခလရ-(၁၅)မှ ဗိုလ်ကြီးတစ်ဦ်းမှ မိုးညှင်းမြို့မရဲစခန်းသို့ ကေအိုင်အေ အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ တိုင်ကြားခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတို့မှ နိုဝင်ဘာလ(၃၀)ရက်နေ့ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး (၄)လအကြာတွင် ယင်းအမှု့ကို အပြီးသတ်စီရင်ချက်ချမှတ်ခဲ့ရာ အမှု့တွဲတွင်ပါဝင်သူများအနက် ကိုမောင်ကိန်းအား အပြစ်မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အပြစ်ဒဏ်မှ လွတ်မြောက်ခွင့်ပြုခဲပြီ့း (ABSDF)ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးနှင့် ကိုမောင်ဦးတို့ထံမှ ၎င်းတို့ ကိုင်ဆောင်သော လက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ရာ (KIA) လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပတ်သက်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိချက်အရ
ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မတရားအသင်း ဥပဒေပုဒ်မ၁၇/၁ဖြင့် အတည်ပြုခဲ့ပြီး ထောင်ဒဏ်(၂)နှစ်စီ ကျခံစေရန် မိုးညှင်းမြို့နယ်တရားရုံးမှ စီရင်ချက် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မိုးမြင့်
—————————————————-
ABSDFအဖွဲ့ဝင်(၃)ဦးအနက် တစ်ဦးသာလွတ်မြောက် ကျန် ၂ဦးကို ထောင်ဒဏ် (၂)နစ်စီကျခံရန် မိုးညင်းမြို့နယ်တရားရုံးမစီရင်ချက်ချမတ်
EPN
မိုးညင်း ဧပြီ ၁၁
မိုးညင်းမြို့တွင် မတရားအသင်းဆက်သွယ်မူ့ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသော (ABSDF)အဖွဲ့ဝင်(၃)ကို မိုးညင်းမြို့နယ်တရားရုံး၌ မြို့နယ်တရားသူကြီး ဦးဇော်လင်းထွန်းက ယနေ့ဧပြီ(၁၁)ရက်နေ့က ညနေ (၄)နာရီအချိန်က အပြီးသတ်အမိန့်ချမတ်ခဲ့ရာ တရားခံဟု စွပ်စွဲခံရသူ(၃)ဦးအနက် တစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း ရေ့နေဦးတင်လိုင်ထံမသိရသည်။
အဆိုပါ တရားစွဲဆိုခံရသူ သုံးဦးအနက်မ (ABSDF) ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးနင့် ကိုမောင်ဦးတို့ကို ထောင် နစ်နစ်စီချမတ်ခဲ့ပြီး ကိုမောင်ကိန်းကိုတော့ လွတ်မြောက်ခွင့်ပြုရန် ချတ်မတ်ခဲ့ကြောင်း ယင်း တရားခံရေ့နေ ဦးတင်လိုင်က ပြောသည်။
“မတရားအသင်းဥပဒပုဒ်မ၁၇/၁နဲ့ စွပ်စွဲခံရသူ (၃)ဦးထဲက ကိုမောင်ကိန်းတစ်ယောက် လွတ်ပါတယ်။ကိုအောင်ဆွေဦးနဲ့ ကိုမောင်ဦးကတော့ ထောင်ဒဏ်(၂)နစ်စီ ကျခံဘို့ အမိန့်ချမတ်လိုက်ပါတယ်။ဒီနေ့က အပြီးသတ်စီရင်ချတာဖြစ်ပြီး အခု ကျခံရတဲ့ ထောင်ဒဏ်အတွက် ပြည်နယ်မာ အယူခံတက်ခွင့်ရိပါတယ် ဟု ရေ့နေ ဦးတင်လိုင်က ပြောသည်။
အဆိုပါ ပြစ်ဒဏ်ချမတ်ခံရသည့် ကိုအောင်ဆွေဦးနင့်ကိုမောင်ဦး အမုနင့် ပတ်သက်ပြီး အထက်အဆင့်သို့ အယူခံတင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကျနော်တို့ထောင်ကျရပေမဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းဘို့ သာအဓိကပါ။ငြိမူ်ချမ်းရေးနဲ့ ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မူ့ရိမသာ တိုင်းပြည်အေးချမ်းမယ် ဟု ထောင်ဒဏ်(၂)နစ် အပြစ်ပေးခံရသူ ကိုအောင်ဆွေဦးက ပြောဆိုခဲ့သည်။
အဆိုပါ(ABSD)အဖွဲ့ဝင်(၃)ဦးသည် ကချင်ပြည်နယ်၊ မိုးညင်းမြို့နေ ရဲဘော်ပေါက်ကွေး၏ နာရေးသို့ လာရောက်စဉ် မိုးညင်းမြို့အာဠဝီကုန်းရပ်ကွက်ရိ ဦးအောင်ဆန်းဦး၏နေအိမ်သို့ရောက်ရိနေစဉ် မိုးညင်းမြို့ခလရ-(၁၅)မဗိုလ်ကြီးတစ်ဦ်းမ မိုးညင်းမြို့မရဲစခန်းသို့ ကေအိုင်အေ အဖွဲ့နင့် ဆက်သွယ်သည်ဟုဆိုကာ တိုင်ကြားခဲ့သဖြင့် မိုးညင်းမြို့မရဲစခန်းမတာဝန်ရိသူတို့မနိုဝင်ဘာလ(၃၀)ရက်နေ့ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး (၄)လအကြာတွင် ယင်းအမု့ကို အပြီးသတ်စီရင်ချက်ချမတ်ခဲ့ရာ အမု့တွဲတွင်ပါဝင်သူများအနက် ကိုမောင်ကိန်းအား အပြစ်မရိကြောင်း စစ်ဆေးတွေ့ရိရသဖြင့် အပြစ်ဒဏ်မ လွတ်မြောက်ခွင့်ပြုခဲပြီ့း (ABSDF)ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးနင့် ကိုမောင်ဦးတို့ထံမ၎င်းတို့ ကိုင်ဆောင်သော လက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ရာ (KIA) လက်နက်ကိုင်အဖွဲ့အစည်းနင့် ပတ်သက်ခဲ့သည်ဟု စစ်ဆေးတွေ့ရိချက်အရ
ပြစ်မုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မတရားအသင်း ဥပဒေပုဒ်မ၁၇/၁ဖြင့် အတည်ပြုခဲ့ပြီး ထောင်ဒဏ်(၂)နစ်စီ ကျခံစေရန် မိုးညင်းမြို့နယ်တရားရုံးမစီရင်ချက် အမိန့်ချမတ်ခဲ့ကြောင်း သိရသည်။
မိုးမြင့်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။