Trending Now

ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့တဲ့ The God’s must be crazy (အာဖရိကမောစ့်) ဇတ်ကားမှာ သရုပ်ဆောင်ခဲ့ပေမယ့် အခငွေကြေး တစ်ပြားမှမရရှိခဲ့တဲ့ လီယိုနိုရာ

Spread the love

ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့တဲ့ The God’s must be crazy (အာဖရိကမောစ့်) ဇတ်ကားမှာ သရုပ်ဆောင်ခဲ့ပေမယ့် အခငွေကြေး တစ်ပြားမှမရရှိခဲ့တဲ့ လီယိုနိုရာ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၇

The God’s must be crazy (အာဖရိကမောစ့်) ဇတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ လီယိုနိုရာဟာ သူမကို ၂၁ နှစ်ရောက်တဲ့အခါ သရုပ်ဆောင်မှုအတွက် တစ်ခုခုပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခုချိန်ထိ ထုတ်လုပ်ရေးကုမ္ပဏီကနေ အခကြေးငွေမရရှိသေးဘူးလို့ သိရပါတယ်။

၁၉၈၉ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ The Gods Must Be Crazy II ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နမီးဘီးယား မင်းသမီးလီယိုနိုရာဟာ အခုအခါ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမရဲ့ အမေနဲ့အတူ နေထိုင်ကြောင်း သိရပါတယ်။

ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကလစ်အတိုလေးထဲမှာ လီယိုနိုရာက ဂန္တဝင်ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီး အခကြေးငွေ တစ်ခါမှ မရခဲ့ပေမယ့် ဒီဇတ်ကားကာ ဒေါ်လာ ၆.၃ သန်းရရှိခဲ့တဲ့အတွက် သူမကိုယ်သူမ အသုံးကျတယ်လို့ ခံစားရကြောင်း ပြောဆိုထားပါတယ်။

The Gods Must Be Crazy ဇတ်ကားကို ၁၉၈၀ ခုနှစ်မှာ Jamie Uys က ရေးသား၊ ထုတ်လုပ်၊ တည်းဖြတ်ကာ ဒါရိုက်တာအဖြစ် ရိုက်ကူးထားသော ဟာသဇာတ်ကားဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ The Gods Must Be Crazy II ကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

တောင်အာဖရိကနဲ့ ဘော့ဆွာနာနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်တဲ့ ဒီဇတ်ကားထဲမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူ နမီးဘီးယား လူရိုင်းမျိုးနွယ်ဝင် တိုမာ(Nǃxau ǂToma) ဟာလည်း ငွေစက္ကူကို မမြင်ဖူးသလို ငွေစက္ကူတန်ဖိုးကိုလည်း နားမလည်ခဲ့တဲ့အတွက် ပထမဆုံး ဇတ်ကားမှာ သရုပ်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀ သာ ရရှိခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာ The Gods Must Be Crazy II နောက်ဆက်တွဲ ဇာတ်ကားရိုက်တဲ့အချိန်မှာတော့ ငွေကြေးတန်ဖိုးကို သိနားလည်ခဲ့ပြီး သရုပ်ဆောင်ခ ဒေါ်လာ ၅၀၀၀၀ တောင်းခဲ့ပါတယ်။ အဲဒီဇတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ လီယိုနိုရာက ကတော့ အသက် ၅ နှစ်သာရှိသေးတဲ့အတွက် သရုပ်ဆောင်ခရရှိခြင်းမရှိခဲ့ပါဘူး။

အဓိက သရုပ်ဆောင်ဖြစ်တဲ့ တိုမာ(Nǃxau ǂToma) ကတော့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူ့အသက် အတိအကျကို မသိရလို ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်နဲ့ ၅၉ နှစ်ကြားရှိပြီလို့ ခန့်မှန်းကြပါတယ်။

Ref; Global News/zwnews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။