Trending Now

ကေအိုင်အေမှ အတင်းအကျပ် ငွေတောင်းခံနေသဖြင့် ဝိုင်းမော်- ချီဖွေ လမ်းပိုင်းသွား ကားသမားများ အခက်တွေ့

Spread the love

ကေအိုင်အေမှ အတင်းအကျပ် ငွေတောင်းခံနေသဖြင့် ဝိုင်းမော်- ချီဖွေ လမ်းပိုင်းသွား ကားသမားများ အခက်တွေ့

EPN
ဝိုင်းမော်၊ ဩဂုတ် ၈

ကေအိုင်အေမှ အတင်းအကျပ် ငွေတောင်းခံနေသဖြင့် ဝိုင်းမော်- ချီဖွေ လမ်းပိုင်းသွား ကားသမားများ အခက်တွေ့နေသည်ဟု အဆိုပါ ကားသမားများထံက သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆနီခူး‌ကျေးရွာသို့ ဩဂုတ်လ ၅ ရက်နေ့မှ စတင်ကာ မြစ်တစ်ဘက်ကမ်းတွင် အခြေချနေထိုင်သည့် ကေအိုင်အေ တပ်ရင်း ၄ မှ အင်အား အလုံးအရင်းဖြင့် လက်နက်များ ကို‌င်ဆောင် လာကာ ဆနီခူးတွင် ဝိုင်းမော်- ချီဖွေလမ်းပိုင်းသွား ကားသမားများ ထံမှ အတင်းအကျပ် ငွေတောင်းနေသည်ဟု ကားသမား အချို့က ဆိုသည်။

“ကောက်နေတာ ဒီလ ၅ ရက်နေ့ကတည်းက ကောက်နေတာ၊ စစ်ဝတ်စုံ အပြည့်နဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေပါ၊ နောက် ဘက်တံဆိပ် မတပ်ထားတဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ ဂေါ်ရခါး တွေလဲပါတယ်၊ အင်အားများတယ်၊ ‌ကား‌တွေကို ရပ်ခိုင်းပြီး ငွေတောင်းတယ်၊ အခွန်ဆောင်ခိုင်းတာလို့ ပြောတယ်၊ ငွေတောင်းတဲ့ ဖြတ်ပိုင်းစာရွက်ပေးတယ်၊ တစ်စီးကို အနည်းဆုံး‌ ငွေတစ်သိန်း ကနေ စတောင်းတယ်၊ တစ်ချို့ကားတွေဆို သုံးသိန်းအထိ ဆောင်ရတယ်၊ မပါရင် ပါသလောက် တောင်းပန်ပြီး
ပေးရတယ်၊ ခက်ခဲနေတဲ့ကာလ မှာ သူတို့က ဒီလို ကောက်နေတော့ ကျနော်တို့ ကားသမားတွေ ဒုက္ခအများကြီး ရောက်ရတယ်ဗျာ။” ဟု ကားသမားများက ဆိုသည်။

ကေအိုင်အေ အနေဖြင့် ကားသမားများထံ အခွန်အခဟု ဆိုကာ ယခုကဲ့သို့ နှစ်စဥ် ငွေတောင်းခံနေသော်လည်း လမ်းပိုင်း ပျက်စီးမှုနှင့် ပတ်သက်၍ တစ်ကြိမ်တစ်ခါကမှ ဆောင်ရွက်ပေးခြင်း၊ ပြုပြင်ပေးခြင်း မရှိခဲ့သည့်အတွက် ငွေမပေးလို ကြောင်း ကားဆရာ တစ်ဦးက ထောက်ပြ ပြောဆိုသည်။

“ကေအိုင်အေ အနေနဲ့ ကားသမား တွေဆီက အခွန်ဆိုပြီး ကောက်နေတယ်၊ ငွေရချင်ရင် လမ်းပြင်ပေါ့၊ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလို့ ကားထွက်ရပြီဆို ရင် ငွေတောင်းဖို့ ရောက်လာပြီ၊ လမ်းပျက်စီးတဲ့အချိန် ကားသမားတွေ ဒုက္ခရောက်နေတဲ့အချိန် လမ်းပြင်ပေးတာ လာကူပေးတာ၊ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူး၊ ကျနော်တို့က ပြည်သူတွေပါ၊ ပြည်သူကို တစ်ခါမှ အကျိုးမပြုတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ‌ငွေမပေးချင်ဘူးဗျာ။ ဒါဒဲ့ ပြောတာ” ဟု ဆိုသည်။

အလားတူ ဝိုင်းမော်မြိုနယ် ဆဒုံးလမ်းပိုင်း ဆနာကျေးရွာအုပ်စု အင်ဝမ်ကောင်ကျေးရွာအနီးတွင်လည်း ယခုလအတွင်း ဖြတ်သန်းသွားလာကြသည့် ကားသမားများထံမှ ကားလေး တစ်စီးလျင် တစ်သိန်း၊ ကားကြီး တစ်စီးလျင် တစ်သိန်းခွဲနုန်းဖြင့် ကေအိုင်အေက အတင်းအကျပ် ငွေတောင်းခံနေသည်ဟု သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။