Trending Now

နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

Spread the love

နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

EPN
နေပြည်တော်၊ စက်တင်ဘာ ၁၄ (၂၀၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်နေ ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား စက်တင်ဘာ ၁၁ ရက်နေ့က ရွှေဘိုမြို့ မြို့တော်ခန်းမှ၌ တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့မှ ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၉ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ ကလေးရောဂါ ၅၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၃ ဦး၊ မျက်စိရောဂါ၂၃၀ ဦးနှင့် သွားရောဂါ ၄၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေ ခွဲစိတ်လူနာ ၈ ဦးနှင့် မျက်စိခွဲ စိတ်လူနာ ၄ ဦး တို့ကို ရွေ့လျား ခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

၎င်းအပြင် ဓာတ်မှန်ရိုက်လူနာ ၅၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၉ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက် ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်း သပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ကျန်းမာရေး ဝန်ကြီး ဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံရန်လိုအပ်သူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့ အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သို့ ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံ စေတနာရှင်ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြကာ ရွှေဘိုမြို့ ပေါ်ရပ်ကွက် များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၂ဝ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ကြောင်းသိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။