Trending Now

ဧရာဝတီတိုင်းတွင် အမဲသားဖိုး အကြွေး ၆၀၀၀ လာတောင်းသည့် အကြွေးရှင်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရ

Spread the love

ဧရာဝတီတိုင်းတွင် အမဲသားဖိုး အကြွေး ၆၀၀၀ လာတောင်းသည့် အကြွေးရှင်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရ

EPN
မြန်အောင် ၊ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ၊ အင်ပင်မြို့ ကုန်းကြီးကျေးရွာတွင် အမဲသားဖိုး အကြွေး ၆၀၀၀ တောင်းလာတောင်းသည့် အကြွေးရှင်အား ဓားဖြင့်ထိုးသတ်မှုကြောင့် သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အင်ပင်နယ်မြေရဲစခန်းမှသိရသည်။

အသတ်ခံသူမှာ အသက် ၃၈ နှစ်အရွယ်ရှိ ဦးမြင့်နိုင်ဆိုသူ ဖြစ်ပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်က ပေးထားသည့် အမဲသားဖိုး လာတောင်းရာမှ စကားများရနန်ဖြစ်ကာ ဓားဖြင့် ထိုးသတ်ခံခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အမှတ်(၄)ရပ်ကွက် ကုန်းကြီးရွာနေ ဦးစိုးလွင် အသက် ၄၅ နှစ်၏ နေအိမ်သို့ ဦးမြင့်နိုင်မှ ၎င်းရစရာရှိသည့် အကြွေး ၆၀၀၀ ကျပ် လာတောင်းရာ ဦးစိုးလွင်မှ မပေးနိုင်သေးကြောင်း ပြောရာမှ စကားများ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက် ဦးစိုးလွင်မှ ၎င်းလက်တွင် ကိုင်ထားသည့် ဓားဖြင့် အကြွေးလာတောင်းသူ၏ ဝဲဘက်ရင်အုံသို့ ထိုးသွင်းကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“တစ်ရွာတည်းသားချင်ဖြစ်တာပါ ၊ အမဲသားဖိုး ငွေကျပ် ၆၀၀၀ ပေးဖို့တောင်းတဲ့ကိစ္စကနေ ရန်စဖြစ်ပြီးဓားထိုးမှု ဖြစ်ပွားပြီး အသက်သေဆုံးရတဲ့အထိဖြစ်တာ ၊မြင့်နိုင်ကို ဓားနဲ့ထိုးသွားတဲ့ စိုးလွင်က ထွက်ပြေးတိမ်း ရှောင်နေပါတယ် ၊ ထွက်ပြေးတိမ်းရှောင်သူ စိုးလွင်ကို အမြန်ဆုံးဖမ်းဆီးရမိအောင် စုံစမ်းဆောင်ရွက် လျက်ပါတယ်”ဟု အင်ပင်မြို့နယ်မြေရဲစခန်းမှတာဝန်ကျ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသည့် ဦးစိုးလွင်အား အင်ပင်နယ်မြေရဲ စခန်းတွင် (ပ)၃၆ /၂၀၂၂၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။