Trending Now

ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

Spread the love

ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

EPN
မြစ်ကြီးနား၊ မတ်လ ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြီးမှူး၍ ပြည်နယ်အတွင်း ဒုတိယအကြိမ်အဖြစ် မတ်လ ၁၁ရက်နေ့တွင် ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအသိပညာများ ပြန့်ပွားလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရွှေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး၊ ယနေ့ (မတ်လ ၁၂ရက်နေ့)တွင်လည်း AML (Anti Money Laundering), CFT (Counter Financing of Terrorisism) သင်တန်းများကို လည်းကောင်း၊ အလားတူ မတ်လ ၉ ရက်နေ့ကလည်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ အသင်းသား/ အသင်းသူများနှင့် အသိပညာမြှင့်တင်ရေး သင်တန်းကိုဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း အိမ်ခြံမြေနှင့် အဖိုးတန် သတ္တုရောင်းဝယ်သူများအတွက် အသင်းဝင် မှတ်ပုံတင်ကတ်များကို ယနေ့အထိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ် (၆၄)ဦး၊ အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် (၂၀)ဦး စုစုပေါင်း(၈၄)ဦးကို ထုတ်ပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။