Trending Now

နန်းခွင်ကျေးရွာ ပူး‌ပေါင်းဂိတ်၌ ကျန်းမာရေးစစ်ဆေးမှု စတင်ဆောင်ရွက်နေ

Spread the love

နန်းခွင်ကျေးရွာ ပူး‌ပေါင်းဂိတ်၌ ကျန်းမာရေးစစ်ဆေးမှု စတင်ဆောင်ရွက်နေ

EPN
မိုးကောင်း၊ မေ ၁၁

မိုးကောင်းမြို့နယ် နန်းခွင်ကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ မေလ ၁၁ ရက်နေ့ နံနက် (၆)နာရီမှ စတင်၍ ကျန်းမာရေး စစ်ဆေးမှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ပူးပေါင်းကော်မတီထံမှ သိရသည်။

ယင်းသို့ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး COVID-19ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ ယခုကဲ့သို့ ပြောပြသည်။

“ဒီက စစ်ဆေးချက်တွေကို မြို့နယ်ကော်မတီနဲ့ ချိတ်ဆက်ထားပြီး လိုအပ်ရင် လိုအပ်သလို မိုးကောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine Centre မှာ (၂၁)ရက် စောင့်ကြည့်မှု ခံယူရမှာဖြစ်ပါတယ်” ဟု မြို့နယ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ဆိုသည်။

ယင်းသို့ စစ်ဆေးရာတွင် ကုန်တင်ယာဉ်နှင့် ဆီတင်ယာဉ်ပါမကျန် ပြည်ထောင်စု လမ်းမကြီးပေါ် ဖြတ်သန်း သွားလာနေသော ကိုယ်ပိုင်ယာဉ်၊ မော်‌တော်ဆိုင်ကယ်နှင့် ခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၆)နာရီအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။