Trending Now

ပူတင်နဲ့ ဇီလန်စကီးကြား တိုက်ရိုက်ဆွေးနွေးမှုက ပြောင်းပြန်ရလဒ်ကိုသာ ထွက်ပေါ်လာစေနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးပြော

Spread the love

ပူတင်နဲ့ ဇီလန်စကီးကြား တိုက်ရိုက်ဆွေးနွေးမှုက ပြောင်းပြန်ရလဒ်ကိုသာ ထွက်ပေါ်လာစေနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးပြော

EPN

နိုင်ငံတကာ၊ မတ် ၂၉

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးတို့ကြား တိုက်ရိုက်ဆွေးနွေးပြောဆိုမှုက ပြောင်းပြန်ရလဒ်သာ ထွက်ပေါ်လာနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက မတ်လ ၂၈ ရက်နေ့က ပြောကြား လိုက်ပါတယ်။

တူရကီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲအတွက် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ တွေပြင်ဆင်နေ တုန်းမှာ နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

သမ္မတပူတင်က ယူကရိန်းသမ္မတဇီလန်စကီးနဲ့တွေ့ဆုံဖို့ ဘယ်တုန်းကမှ ငြင်းဆိုခဲ့တာမရှိကြောင်း ပြောပါ တယ်။ သမ္မတပူတင် အခြေခံကျကျ စဉ်းစားထားတဲ့အရေးကြီးတဲတစ်ခုတည်းသောအချက်က အဲဒီလိုတွေ့ဆုံ ဆွေးနွေးမှုတွေကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ထားရမယ်ဆိုတဲ့အချက်ပဲလို့ ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလာဗော့ဗ်က သတင်းထောက်တွေကိုပြောပါတယ်။

သမ္မတဇီလန်စကီးက ရုရှားသမ္မတနဲ့ တွေ့ဆုံဆွေးနွေးခွင့်တောင်းဆိုလိုက်ပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တာပါ။

လက်ရှိအကျပ်အတည်းကာလဟာ အခြေအနေဆိုးတွေ အစပျိုးနေတဲ့ကာလဖြစ်ပြီး ပြဿနာပေါင်းသောင်း ခြောက်ထောင်ကလည်း စုပုံနေကြောင်း၊ ဒါ့ကြောင့် တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဆွေးနွေးပြီး အမြင်ဖလှယ်မယ် ဆိုရင် ပြောင်းပြန်ရလဒ်တွေသာ ထွက်ပေါ်လာမှာဖြစ်ကြောင်း ဆာဂျီလာဗော့ဗ်က ပြောပါတယ်။

သမ္မတဇီလန်စကီးနဲ့ သမ္မတပူတင်တို့ဟာ ၂၀၁၉ ခုနှစ်က ပဲရစ်မြို့မှာ တစ်ကြိမ်သာတွေ့ဆုံခဲ့ဖူးပါတယ်။
နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အစ္စတန်ဘူလ်မြို့မှာ ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေတုန်းမှာ ရုရှားအစိုး ရအနေနဲ့ ၎င်းတို့တောင်းဆိုထားတဲ့ ယူကရိန်းနိုင်ငံမှာ စစ်ကင်းမဲ့ဇုံနဲ့ နာဇီဝါဒကင်းမဲ့ဇုံ ထူထောင်ရေးဆိုတဲ့ တောင်းဆိုချက်ကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ကြောင်း လာဗော့ဗ်က ပြောပါတယ်။

ဒီတောင်းဆိုချက်တွေဟာ ယူကရိန်းအစိုးရအတွက် ဘက်မလိုက်တဲ့ရပ်တည်ချက်ဖြစ်သလို ရုရှားအစိုးရရဲ့စစ် ရေးရည်မှန်းချက်တွေဖြစ်ကြောင်း သမ္မတပူတင်က ပြောပါတယ်။

“ယူကရိန်းနိုင်ငံမှာ စစ်ကင်းမဲ့ဇုံတည်ဆောက်ရေးနဲ့ နာဇီဝါဒကင်းမဲ့ဇုံတည်ဆောက်ရေးဟာ ကျွန်တော်တို့ ရရှိဖို့ ကြိုးစားနေတဲ့ သဘောတူညီချက်တွေထဲက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။” လို့ လာဗော့ဗ်က ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ အဓိကရည်မှန်းချက်က ဒွန်းဘက်စ်ဒေသမှာ ရှစ်နှစ်ကြာပြုလုပ်ခဲ့တဲ့ သတ်ဖြတ်မှုတွေရပ်စဲဖို့ဖြစ် ကြောင်း လာဗော့ဗ်က ပြောပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အနောက်အုပ်စုအဖွဲ့ဝင်၊ နေတိုးအဖွဲ့ဝင်လို့ မှတ်ယူနေတာကို ရပ်တန်းကရပ်ဖို့လိုကြောင်းလည်း လာဗော့ဗ်က ပြောပါတယ်။

Ref: Putin-Zelensky Talks Would Be ‘Counterproductive,’ Moscow Says


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။