Trending Now

သထုံ – ဘီးလင်း လမ်းမကြီးပေါ်တွင် ၁၂ ဘီးယာဉ်တစ်စီး မိုင်းဖောက်ခွဲခံရ

Spread the love

သထုံ – ဘီးလင်း လမ်းမကြီးပေါ်တွင် ၁၂ ဘီးယာဉ်တစ်စီး မိုင်းဖောက်ခွဲခံရ

EPN
သထုံ၊ မတ် ၂၅

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ သထုံ -ဘီးလင်းကားလမ်း မိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံ ကြားတွင် ယမန်နေ့က ၁၂ ဘီးယာဉ် တစ်စီး မိုင်းဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့တွင် ဘီးလင်းမြို့မှ သထုံမြို့သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်သည် ည ၉ နာရီဝန်းကျင်တွင် သထုံ-ဘီးလင်းကားလမ်း မိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားတွင် မိုင်းဖောက်ခွဲ ခံရခြင်း ဖြစ်သည်။

ယင်း မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ညာဘက်ခြမ်းနှင့် ရှေ့လေကာမှန်တို့ မိုင်းစထိ မှန်ပျက်စီးခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးမှာ လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။