Trending Now

ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ သီရီပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ သမိဒ္ဓေါဒယသီလရှင်ကျောင်းတွင် သီလရှင်ဝတ်စုံ (၃၅) စုံ လှူဒါန်း

Spread the love

ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ သီရီပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ သမိဒ္ဓေါဒယသီလရှင်ကျောင်းတွင် သီလရှင်ဝတ်စုံ (၃၅) စုံ လှူဒါန်း

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သမိဒ္ဓေါဒယသီလရှင်ကျောင်းတွင် ယနေ့ ဩဂုတ်လ (၁) ရက်နေ့ (ဓမ္မစကြာအခါတော်နေ့)၊ နံနက် (၉) နာရီအချိန်က ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရီပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများက ကျောင်းရှိ သီလရှင်ဆရာလေး၊ ဆရာကြီးများအတွက် သီလရှင်ဝတ်စုံ (၃၅) စုံ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရီပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများဖြစ်ကြသည့် ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးတွမ်ပိချင်း၊ ဦးရဲလင်းထွန်း၊ ဦးအားမြင့်၊ ဦးအောင်ရင်၊ ဦးငွါးဆာနှင့် တက်ရောက်လာသူများမှ “ဩကာသ” ကန်တော့ကျိုး(ချိုး) ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သမိဒ္ဓေါဒယ သီလရှင်ကျောင်း၊ ကျောင်းတိုက် ဆရာကြီးထံမှ တရား‌တော်များကို ခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ကျောင်းရှိ သီလရှင်ဆရာလေး၊ ဆရာကြီးများအတွက် သီလရှင်ဝတ်စုံ (၃၅) စုံ လှူဒါန်းခဲ့ကြကာ၊ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး၊ ဆရာလေးဆရာကြီးများကို နေ့ဆွမ်းဖြင့်လည်းကောင်း၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို နေ့လည်စာဖြင့်လည်ကောင်း ကျွေးမွေးဧည့်ခံခဲ့ကြသည်။

ယင်းနောက် သီတာရပ်ကွက်ရှိ ဆုတောင်းပြည့် စေတီတော်သို့သွားရောက်ကာ ကုသိုလ်ဖြစ် ငါးလွှတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။