Trending Now

စစ်ကိုင်းမြို့နယ် မန္တလေး – မုံရွာကားလမ်းမှာ ပြင်ဦးလွင် ခရီးသည်ကား ပစ်ခတ်ခံရလို့ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

Spread the love

စစ်ကိုင်းမြို့နယ် မန္တလေး – မုံရွာကားလမ်းမှာ ပြင်ဦးလွင် ခရီးသည်ကား ပစ်ခတ်ခံရလို့ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

EPN
စစ်ကိုင်း ၊ ဒီဇင်ဘာ ၊ ၂၄

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ နုံးတွင်းကျေးရွာအနီး ၊ ညောင်ပင်လှ ဇရပ်နား ၊ မန္တလေး – မုံရွာ ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ပြင်ဦးလွင်ဘက်ကနေ မုံရွာမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်ကား ၁ စီး မိုင်းထိမှန်းပြီးနောက် ပစ်ခတ်ခံရတဲ့အတွက် လူသေဆုံ ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။

” ပြင်ဦးလွင်ကနေ မုံရွာဘက်ကို ဆင်းလာတဲ့ ဟိန်းစတား ခရီးသည်တင် အံစာတုံးကား ပစ်ခတ်ခံရတာဖြစ်တယ် ၊ ကားသမားလည်း အနီရောင်အဆင့် စိုးရိမ်ရ ဒဏ်ရာရခဲ့သလို ခရီးသည် အမျိုးသမီး တယောက်သေ ၊ တယောက်ဒဏ်ရာရတယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဟိန်းစတား ခရီးသည်ကားဟာ လမ်းဘေးမိုင်း ထိမှန်ပြီး ပစ်ခံရတာလို့ မုံရွာ ကားသမား အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ အခုထိတော့ အတည်မပြုနိုင်သေးပါဘူး။

” မုံရွာ – မန္တလေး ကားလမ်းမှာက အကြမ်းဖက်သမားတွေ မကြာခဏ မိုင်းခွဲတိုက်ခိုက်တယ် ၊ ဒီနှစ်ထဲမှာ အဲ့ဒီ ကားလမ်းမှာ မိုင်းပေါက်ကွဲမှု ဖြစ်စဥ် အကြိမ်ရေ ၁ ရာဝန်းကျင်ရှိတယ် ၊ ခရီးသည် ၂၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ ရာဂဏန်းနီးပါးရှိတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက မုံရွာမြို့က ဦးနှောက်သွေးကြောပေါက် လူနာတယောက်ကို မန္တလေးဆေးရုံဆီ လိုက်ပို့ပေးတဲ့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ ( မုံရွာ)က လူနာတင်ယာဥ် ၂ စီးဟာ မြင်းမူမြို့နယ် ၊ ထီးစောင်းနဲ့ ညောင်ပင်ဝန်း ကျေးရွာအကြား မုံရွာ – မန္တလေး ကားလမ်းမှာ အလားတူ မိုင်းခွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်တာကို ခံရတာကြောင့် ထိခိုက်ဒဏ်ရာတာ ဖြစ်ပွားခဲ့ပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။