Trending Now

စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ ပြည်ပရောက် မြန်မာများ ပြန်ပို့သည့် နိုင်ငံခြားငွေအား လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်

Spread the love

စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ ပြည်ပရောက် မြန်မာများ ပြန်ပို့သည့် နိုင်ငံခြားငွေအား လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်

EPN
မြစ်ကြီးနား၊ဩဂုတ် ၃၁

စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ ပြည်ပရောက် မြန်မာများ ပြန်ပို့သည့် နိုင်ငံခြားငွေအား လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ် ဥက္ကဌအသစ် ဒေါ်သန်းသန်းဆွေမှ ထုတ်ပြန်ပြောဆိုထားသည်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer) လိုင်စင်ရဘဏ်များမှတစ်ဆင့် ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော လုပ်ခ သို့မဟုတ် လစာဝင်ငွေများကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ အခြားသူသို့ လွှဲပြောင်းခြင်း၊ ဘဏ်သို့ရောင်းချခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လုပ်ခ (သို့မဟုတ်) လစာဝင်ငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ် ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် ထပ်ဆင့်ရောင်းချခြင်း မပြုလုပ်ပဲ မိမိကိုယ်တိုင် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်သို့ ရောင်းချခြင်းကို လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် AD လိုင်စင်ရဘဏ်သို့ နိုင်ငံခြား ငွေဝင်ရောက်သည့် နေ့မှစ၍ အပြီးသတ်ရောင်းချသည်အထိ အချိန်ကာလ စုစုပေါင်းသည် (၂၁) ရက်ထက် ကျော်လွန်ခြင်းမရှိစေရကြောင်း ဖော်ပြထားသည်။

အဆိုပါအမိန့်စာထုတ်ပြန်ခြင်းမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။