Trending Now

နန့် စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နိုင်ငံသားစီစစ်ရေးကဒ် အတုကိုင်ထားသည့် ဘင်္ဂါလီတစ်ဦးအား ဖမ်းဆီး

Spread the love

နန့် စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နိုင်ငံသားစီစစ်ရေးကဒ် အတုကိုင်ထားသည့် ဘင်္ဂါလီတစ်ဦးအား ဖမ်းဆီး
EPN
မိုးညှင်း၊ ဇူလိုင် ၁၄
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အဝင် နန့် စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ပူးပေါင်းအဖွဲ့ သည် တာဝန်ထမ်းဆောင်လျက်ရှိရာ အဝေးပြေးမော်တော်ယာဉ်ပေါ်တွင်လိုက်ပါလာသူဘင်္ဂါလီတစ်ဦးအား နိုင်ငံသားစီစစ်ရေးကဒ်ဟြး အတုနှင့်တွေ့ ရှိသဖြင့် ဥပဒေနှင့်အညီအရေးယူခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ(၁၃)ရက်နေ့ (၁၁)နာရီခွဲအချိန်တွင် မိုးညှင်းမြို့နယ်အဝင် နန့် စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုးညှင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်ထမ်းဦးစီးဋ္ဌာန၊ ဦးစီးမှူးဦးစိုးသူနှင့်အဖွဲ့သည် ပူးပေါင်းအဖွဲ့ နှင့်တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်း ဦးသန်းနိုင်ဝင်းမောင်းနှင်လာသော 2Q/*****၊ မနောတံခွန် အဝေးပြေး မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသော ဦးဇော်မင်းထွန်းနှင့် ဦးမောင်မောင်တင်(ခ) မိုဟာမက်ဂျော်လာ(ဘင်္ဂါလီ)တို့ နှစ်ဦးအား မသင်္ကာဖွယ်တွေ့ ရှိရသဖြင့် မြို့နယ်(ဝလက)ရုံးသို့ ခေါ်ဆောင်၍ သက်သေများနှင့်အတူ စစ်ဆေးခဲ့ကြသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ မောင်ဇော်မင်းထွန်း ကိုင်ဆောင်ထားသော နိုင်ငံသားစီစစ်ရေးကဒ်ဟြးအမှတ် LKA-၀၃၂၂၆၀နှင့် ပတ်သက်၍ သက်ဆိုင်ရာနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ မှန်ကန်မှုရှိသော်လည်း ဦးမောင်မောင်တင်(ခ)မိုဟာမက်ဂျော်လာ ကိုင်ဆောင်ထားသော၁၂/ဥကတ(နိုင်) ၀၄၅၄၄၇ နှင့် ပတ်သက်၍သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာအတု ဖြစ်ကြောင်းတွေ့ ရှိရသဖြင့် ဒုတိယမြို့နယ်(လဝက)ဦးစီးမှူး ဦးဝင်းဝင်းထူးမှတရားလိုပြုလုပ်၍ ဦးမောင်မောင်တင်(ခ)မိုဟာမက်ဂျော်လာ အား အမှုဖွင့်တိုင်ကြားခဲ့သည်။
ထို့ ကြောင့် ဦးမောင်မောင်တင်(ခ) မိုဟာမက်ဂျော်လာ၊ (၃၉)နှစ်၊ (ဘ)ဦးမောင်ဖြူ(ခ)ဦးအဘူဆော်ရွက် ရွာကြီးရွာ ရေချမ်းပြင်အုပ်စု စစ်တွေမြို့နယ် နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၂၁/၂၀၁၉ ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်း သိရသည်။
မင်္ဂလာဦး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။