Trending Now

ဘင်္ဂလားဒေ့ရှ် သမ္မတ ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကျင်းပမည်

Spread the love

ဘင်္ဂလားဒေ့ရှ် သမ္မတ ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကျင်းပမည်

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်နာချုပ် ကာဇီဟာဘီးဘိုလ် သည် နိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

ကိုယ်စားလှယ်လောင်းများသည် ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပြုလွှာများကို ဖေဖော်ဝါရီလ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီအထိ ရွေးကောက်ပွဲ ကော်မရှင် ကော်မရှင် (CEC) ရုံးချုပ်တွင် တင်ပြနိုင်ကြောင်း ထည့်သွင်းကြေညာခဲ့သည်။

လက်ရှိသမ္မတ အဗ္ဗဒူလ်ဟာမစ်သည် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးအတွက် အများဆုံးသက်တမ်း နှစ်ကြိမ်အထိသာ ခွင့်ပြုထားသောကြောင့် နောက်ထပ် ရွေးကောက်တင်မြှောက်ခြင်း မပြုနိုင်ပေ။

အဗ္ဗဒူလ်ဟာမစ် ၏ ဒုတိယနှင့် နောက်ဆုံးရာထူးသည် ဧပြီလ ၂၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

— ကိုးကား —
xinhua
ref; Bangladesh’s presidential polls to be held on Feb. 19

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။