Trending Now

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၉၅ သန်းတန်ဖိုးရှိ ကာကွယ်ရေးစစ်လက်နက်တွေ ရောင်းချဖို့တည်ပြု

Spread the love

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၉၅ သန်းတန်ဖိုးရှိ ကာကွယ်ရေးစစ်လက်နက်တွေ ရောင်းချဖို့တည်ပြု

EPN
နိုင်ငံတကာ၊ ဧပြီ ၇

Patriot လို့အမည်ရတဲ့ လေကြောင်းကာကွယ်ရေးစနစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ ထိုင်ဝမ်ကို ရောင်းချဖို့ အမေရိကန် အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

အဆိုပြုထားတဲ့ သဘောတူညီချက်ဟာ အမေရိကန်ဒေါ်လာ ၉၅ သန်း တန်ဖိုးရှိပြီး Patriot စနစ် ကိုင်တွယ်မှုနဲ့ ဒီစနစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေအတွက် ထောက်ပံ့မှုတွေ ပါဝင်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို လွှတ်တော်ထံ အသိပေးခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အမေရိကန် အစိုးရက ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ဇန်နဝါရီလကနေ မတ်လ ၂၂ ရက်အတွင်း ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်ထဲကို စုစုပေါင်း တရုတ်လေယာဉ် ၂၅၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပြီးနောက် အဆိုပါ ထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာပါ။

ယူကရိန်းကို ကျူးကျော်ခဲ့တာအတွက် ရုရှားကို အပြစ်တင်ရှုတ်ချဖို့ ငြင်းဆန်ခဲ့တဲ့ တရုတ်အပေါ် အမေရိကန်ပြည်ထောင်စုက ပိုပြီး စိုးရိမ်လာနေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ သူ့ရဲ့ စစ်ရေးအင်အားကို ကျောထောက်နောက်ခံပြုပြီး ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ဖို့ ကြိုးပမ်းလာနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်အစိုးရက ပူပန်နေတာဖြစ်ပါတယ်။

ထိုင်ဝမ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က အမေရိကန်အစိုးရရဲ့ လုပ်ဆောင်မှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဒါဟာ နှစ်နိုင်ငံဆက်ဆံရေး အလွန်တရာ ခိုင်မာတယ် ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။